လီဗာပူးတိုက်စစ်မှူး ဆာလက် အာဖရိကအကောင်းဆုံး ကစားသမားဆု ရရှိ

January 5, 2018

လီဗာပူးတိုက်စစ်မှူး ဆာလက် အာဖရိကအကောင်းဆုံး ကစားသမားဆု ရရှိ

လီဗာပူးအသင်းရဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) က ချီးမြှင့်တဲ့ ၂၀၁၇ ခုနှစ်အတွက် အာဖရိက အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ ဒီဆုကို နိုင်ငံလက်ရွေးစင်အသင်းနည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတချို့နဲ့ သတင်းထောက်တွေက မဲပေးရွေးချယ်ခဲ့တာပါ။ ဆာလက်ဟာ စုစုပေါင်း ၆၂၅ မဲရပြီး လီဗာပူးအသင်းဖော် မာနေးနဲ့ ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းတို့ကို ဖြတ်ကျော်ပြီး ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ သူဟာ အာဖရိကအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ဒုတိယမြောက် အီဂျစ်ကစားသမားဖြစ်ပြီး ၁၉၈၃ ခုနှစ်က မာမွတ်အဲလ်ခါတစ်ပ်က ဆွတ်ခူးခဲ့ပါတယ်။ ဆာလက်ဟာ ပြီးခဲ့တဲ့တနှစ်ပတ်လုံး ၅၇ ပွဲကစား ၃၆ ဂိုး သွင်းယူနိုင်ခဲ့ကာ ဒုတိယဆုရရှိခဲ့တဲ့ မာနေးကတော့ ၃၆ ပွဲကစားပြီး ၁၆ ဂိုး၊ အူဘာမီယန်းကတော့ ၅၁ ပွဲကစား ၄၃ ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ မာနေးနဲ့ အူဘာမီယန်းတို့ကို မဲ ၁၂၀ နီးပါး အသာနဲ့ ဒီဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဆာလက်ဟာ ဘီဘီစီက ချီးမြှင့်တဲ့ ၂၀၁၇ ခုနှစ် အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့ပါသေးတယ်။
3 years Ago
Up