လီဗာပူးတိုက်စစ်မှူး စတာရစ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။
စတာရစ်အနေနဲ့ ဖာမီနို၊ ကော်တင်ဟို၊ ဆာလက်နဲ့ မာနေးတို့ရှိနေတဲ့ လီဗာပူးတိုက်စစ်မှာ ပုံမှန်ပွဲထွက်ခွင့် မရတဲ့အတွက် အသင်းပြောင်းဖို့ ဆန္ဒရှိနေတာပါ။
စတာရစ်ကိုခေါ်ယူဖို့ စပိန်ကလပ်တွေဖြစ်တဲ့ ရီးရဲလ်ဘက်တစ်နဲ့ ဗလင်စီယာတို့က စိတ်ဝင်စားနေပြီး တရားဝင်ကမ်းလှမ်းမယ်ဆိုရင် ပြောင်းရွှေ့ဖို့ စတာရစ်က ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
အင်္ဂလန်တိုက်စစ်မှူး စတာရစ်အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်နေတာကြောင့် အသင်းသစ်ရှာဖွေနေတာပါ။
အသက် ၂၈ နှစ်ရှိ စတာရစ်ဟာ ဒီနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၁၄ ပွဲပဲ ကစားခွင့်ရခဲ့ပြီး ၃ ဂိုး သွင်းယူထားပါတယ်။
3 years Ago