လီဗာပူးတိုက်စစ်မှူး မာနေး ဒူးဒဏ်ရာကြောင့် ဘုန်းမောက်နှင့်ပွဲ လွဲချော်မည်

April 5, 2017

လီဗာပူးတိုက်စစ်မှူး မာနေး ဒူးဒဏ်ရာကြောင့် ဘုန်းမောက်နှင့်ပွဲ လွဲချော်မည်

အသက် ၂၄ နှစ်အရွယ် လီဗာပူးတိုက်စစ်မှူး မာနေးဟာ ဧပြီ ၁ ရက်နေ့က အဲဗာတန်ကို အနိုင်ရတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာ ရခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် မာနေးဟာ ဒီကနေ့ညကစားမယ့် ဘုန်းမောက်နဲ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ ပေါင် ၃၄ သန်းနဲ့ ဆောက်သမ်တန်ကနေ ပြီးခဲ့တဲ့နှစ်မှာ ရောက်ရှိလာပြီး လီဗာပူးအတွက် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကတော့ သူ့ဒဏ်ရာအခြေအနေကို သေချာမသိရသေးတဲ့အတွက် စောင့်ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။ မာနေးရဲ့ဒဏ်ရာက ရာသီကုန်အထိ နားရနိုင်သလားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ လီဗာပူးနည်းပြက ကံမကောင်းရင်တော့ ရာသီကုန်အထိ နားရနိုင်တယ်လို့ ပြောဆိုသွားပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ တိုက်စစ်မှူး စတာရစ်ခ်ျကတော့ လီဗာပူးအတွက် ပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
4 years Ago
Up