လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျ ပေါင်ဒဏ်ရာရ

August 2, 2017

လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျ ပေါင်ဒဏ်ရာရ

လီဗာပူးတိုက်စစ်မှူး ဒန်နီရယ်စတာရစ်ခ်ျဟာ မနေ့ညက ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ Audi Cup ပွဲစဉ်မှာ ပေါင်ဒဏ်ရာရသွားပါတယ်။ စတာရစ်ခ်ျဟာ ဒုတိယပိုင်း ၆၈ မိနစ်မှာ လူစားဝင်ကစားပြီး ပွဲချိန် ၈၃ မိနစ်မှာ အနိုင်ဂိုးတဂိုး သွင်းခဲ့ပေမယ့် ပေါင်ဒဏ်ရာရခဲ့လို့ လူငယ်ကစားသမား ဆိုလန်ကီနဲ့ လူစားလဲခဲ့ရတာပါ။ အဲဒီပွဲမှာ လီဗာပူးအသင်းက မာနေး၊ ဆာလက်ခ်ျနဲ့ စတာရစ်ခ်ျတို့ရဲ့ ဂိုးတွေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အင်္ဂလန်တိုက်စစ်မှူး စတာရစ်ခ်ျအနေနဲ့ ပေါင်ခြံမှာ နာကျင်မှု ခံစားနေရတာကြောင့် လူစားပြန်လဲခဲ့တာဖြစ်ပြီး ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ စတာရစ်ခ်ျအနေနဲ့ သူ့ရဲ့ ပေါင်ဒဏ်ရာအခြေအနေကို ဆရာဝန်နဲ့ စစ်ဆေးသွားမှာဖြစ်ပြီး ဘယ်လောက်အနားယူရမလဲ ဆိုတာတော့ မသိရသေးပါဘူး။ လီဗာပူးအသင်းဟာ Audi Cup နောက်ဆုံးပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ် အသင်းနဲ့ သြဂုတ် ၃ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
4 years Ago
Up