လီဗာပူးဂိုးသမား တိုက်တွန်း

February 6, 2019

ချန်ပီယံဖြစ်ချင်လျှင် လက်ကျန်ပွဲများကို အနိုင်ကစားဖို့လိုဟု လီဗာပူးဂိုးသမား တိုက်တွန်း

ချန်ပီယံဖြစ်ချင်ရင် လက်ကျန်ပွဲတွေကို အနိုင်ကစားဖို့ လိုတယ်လို့ လီဗာပူးဂိုးသမား အလစ်ဆန်က အသင်းဖော်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ပွဲဆက် သရေကျခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးနဲ့ ၃ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ တဂိုးစီ သရေကျတဲ့ပွဲမှာလည်း အကောင်းဆုံးခြေစွမ်းကို ခဏပဲမြင်တွေ့ခဲ့ရပြီး အကာအကွယ်မဲ့နေသလို ခံစားခဲ့ရတယ်လို့ အလစ်ဆန်က ပြောကြားခဲ့ပါတယ်။ အသင်းသားတွေအနေနဲ့ ယုံကြည်မှု အနည်းငယ် ပျောက်ဆုံးနေခဲ့ကြတယ်လို့ အလစ်ဆန်က ဝန်ခံခဲ့ပြီး ချန်ပီယံဖြစ်ဖို့ဆိုရင်တော့ ခုချိန်ကနေစပြီး အရာအားလုံးကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားရတော့မယ်လို့ အလစ်ဆန်က ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့် စနေနေ့မှာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ကြာသပတေးနေ့မှာ အဲဗာတန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
2 years Ago
Up