လီဗာပူးအသင်းကို ဥရောပစူပါဖလား ဆွတ်ခူးစေခဲ့တဲ့ ဂိုးသမား အက်ဒရီယန်ရဲ့ ပယ်နယ်တီကာကွယ်မှုဟာ စည်းမျဉ်းနဲ့ မကိုက်ညီကြောင်း ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။
လီဗာပူးနဲ့ ချဲလ်ဆီးတို့ ကစားခဲ့တဲ့ ဥရောပစူပါဖလား ဗိုလ်လုပွဲမှာ ပွဲချိန်အတွင်း တဂိုးစီ သရေကျခဲ့ပြီး အချိန်ပိုမှာ တဂိုးစီ ထပ်သွင်းခဲ့ကြလို့ နှစ်ဂိုးစီ သရေကျနေခဲ့တာပါ။
ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟင်မ် သွင်းယူခဲ့တဲ့ ကန်ချက်ကို လီဗာပူးဂိုးသမား အက်ဒရီယန် ကာကွယ်နိုင်ခဲ့တာကြောင့် ၅ ဂိုး ၄ ဂိုးနဲ့ လီဗာပူးအသင်း ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အေဘရာဟင်မ် ပယ်နယ်တီ ကန်လိုက်တဲ့အချိန်မှာ ဂိုးသမား အက်ဒရီယန်က ဂိုးစည်းပေါ်မှာ ရပ်မနေဘဲ ရှေ့ထွက်နေခဲ့တဲ့အပေါ် စည်းမျဉ်းနဲ့ မညီကြောင်း ပရိသတ်တွေက တွစ်တာကနေ မေးခွန်းထုတ်ခဲ့ကြပါတယ်။
စည်းမျဉ်းအရ ပယ်နယ်တီ ကန်နေချိန်မှာ ဂိုးသမားက ဂိုးစည်းပေါ်မှာ အနည်းဆုံး ခြေထောက်တဖက်နဲ့ ထိဖို့လိုအပ်ပါတယ်။
လီဗာပူးအသင်း အနိုင်ရစေမယ့် ပယ်နယ်တီကာကွယ်မှုမှာတော့ ဂိုးသမားက ဂိုးစည်းပေါ်မှာ ရှိမနေဘဲ ရှေ့ထွက်ပြီး ကာကွယ်ခဲ့တဲ့အပေါ် VAR စနစ်နဲ့ ပြန်ကြည့်ပြီး ပြန်ကန်ခိုင်းသင့်ကြောင်း ပရိသတ်တွေက ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။
Zawgyi Version
ဥေရာပစူပါဖလားတြင္ လီဗာပူးဂိုးသမား၏ ပယ္နယ္တီကာကြယ္မႈကို ပရိသတ္မ်ား ေဝဖန္
DVB
လီဗာပူးအသင္းကို ဥေရာပစူပါဖလား ဆြတ္ခူးေစခဲ့တဲ့ ဂိုးသမား အက္ဒရီယန္ရဲ႕ ပယ္နယ္တီကာကြယ္မႈဟာ စည္းမ်ဥ္းနဲ႔ မကိုက္ညီေၾကာင္း ပရိသတ္ေတြက ေဝဖန္ခဲ့ၾကပါတယ္။
လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔ ကစားခဲ့တဲ့ ဥေရာပစူပါဖလား ဗိုလ္လုပြဲမွာ ပြဲခ်ိန္အတြင္း တဂိုးစီ သေရက်ခဲ့ၿပီး အခ်ိန္ပိုမွာ တဂိုးစီ ထပ္သြင္းခဲ့ၾကလို႔ ႏွစ္ဂိုးစီ သေရက်ေနခဲ့တာပါ။
ပယ္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရာမွာေတာ့ ခ်ဲလ္ဆီးတိုက္စစ္မႉး ေအဘရာဟင္မ္ သြင္းယူခဲ့တဲ့ ကန္ခ်က္ကို လီဗာပူးဂိုးသမား အက္ဒရီယန္ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ၅ ဂိုး ၄ ဂိုးနဲ႔ လီဗာပူးအသင္း ခ်န္ပီယံဆုဖလား ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ေအဘရာဟင္မ္ ပယ္နယ္တီ ကန္လိုက္တဲ့အခ်ိန္မွာ ဂိုးသမား အက္ဒရီယန္က ဂိုးစည္းေပၚမွာ ရပ္မေနဘဲ ေရွ႕ထြက္ေနခဲ့တဲ့အေပၚ စည္းမ်ဥ္းနဲ႔ မညီေၾကာင္း ပရိသတ္ေတြက တြစ္တာကေန ေမးခြန္းထုတ္ခဲ့ၾကပါတယ္။
စည္းမ်ဥ္းအရ ပယ္နယ္တီ ကန္ေနခ်ိန္မွာ ဂိုးသမားက ဂိုးစည္းေပၚမွာ အနည္းဆုံး ေျခေထာက္တဖက္နဲ႔ ထိဖို႔လိုအပ္ပါတယ္။
လီဗာပူးအသင္း အႏိုင္ရေစမယ့္ ပယ္နယ္တီကာကြယ္မႈမွာေတာ့ ဂိုးသမားက ဂိုးစည္းေပၚမွာ ရွိမေနဘဲ ေရွ႕ထြက္ၿပီး ကာကြယ္ခဲ့တဲ့အေပၚ VAR စနစ္နဲ႔ ျပန္ၾကည့္ၿပီး ျပန္ကန္ခိုင္းသင့္ေၾကာင္း ပရိသတ္ေတြက ေထာက္ျပခဲ့ၾကတာ ျဖစ္ပါတယ္။
2 years Ago