လီဗာပူးက ၃ ဦး

August 8, 2020

အကောင်းဆုံးကစားသမားဆု ဆန်ကာတင် ၇ ဦးစာရင်းတွင် ချန်ပီယံ လီဗာပူးက ၃ ဦးပါဝင်

ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်ကစားသမား ၇ ဦးထုတ်ပြန်ခဲ့ရာမှာ ချန်ပီယံလီဗာပူးက ၃ ဦးနဲ့ အများဆုံးပါဝင်ခဲ့ပါတယ်။  လီဗာပူးက အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ တိုက်စစ်မှူးမာနေး နဲ့ နောက်ခံလူ အာနိုးလ်တို့ ပါဝင်ခဲ့တာပါ။  တခြားကစားသမားတွေကတော့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း၊ ဘန်လေဂိုးသမား နစ်ပုပ်၊ ဆောက်သမ်တန်တိုက်စစ်မှူး ဒယ်နီအင့်စ်နဲ့ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီတို့ ပါဝင်ခဲ့တာပါ။  အသက် ၂၃ နှစ်အောက် လူငယ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာတော့ လီဗာပူးက အာနိုးလ်၊ ဗီလာက ဂရီးလစ်ချ်၊ ရှက်ဖီးလ်ဂိုးသမား ဟန်ဒါဆန်တို့ ပါဝင်ပါတယ်။  ဒါ့အပြင် မန်ယူနိုက်တက်အသင်းက မာရှယ်၊ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်၊ ချဲလ်ဆီးက ပူလီဆစ်နဲ့ မေဆန်မောင့်တို့လည်း ပါဝင်ခဲ့ပါတယ်။  အကောင်းဆုံးနည်းပြဆု ဆန်ကာတင်စရင်းမှာ လီဗာပူးနည်းပြ ကလော့ပ်၊ ချဲလ်ဆီးနည်းပြလမ်းပတ်၊ လက်စတာနည်းပြေ ‌ရော်ဂျာနဲ့ ရှက်ဖီးနည်းပြ ခရစ္စဝဲလ်ဒါတို့ ပါဝင်ခဲ့ပါ တယ်။ 
1 year Ago
Up