လီဗာပူးကွင်းလယ်လူ

October 9, 2020

ကိုဗစ်ရောဂါသက်သာလာသည့် လီဗာပူးကွင်းလယ်လူ ရှာကီရီ ဆွစ်ဇာလန်အသင်းနှင့်ပေါင်းမည်

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လီဗာပူးကွင်းလယ်လူ ရှာကီရီဟာ ပြန်လည်သက်သာ လာတဲ့အတွက် ဆွစ်ဇာလန်အသင်းနဲ့ ပူးပေါင်းမယ်လို့ သိရပါတယ်။  လီဗာပူးအသင်းမှာ မာနေးနဲ့အယ်ကန်တာရာတို့ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် ရှာကီရီ မှာလည်း ပိုးတွေ့ရှိခဲ့တာပါ။  ရှာကီရီအနေနဲ့ တဦးတည်း သီးသန့်နေထိုင်ခဲ့ရပြီး နောက်ဆုံးအကြိမ်စစ်ဆေးမှုမှာတော့ Negative အဖြေရခဲ့တာကြောင့် ဆွစ်ဇာလန်အသင်းနဲ့ ပူးပေါင်းဖို့ စပိန်နိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။  ဆွစ်ဇာလန်အသင်းကလည်း ကစားသမားတွေရဲ့ ဆေးစစ်ချက်ထုတ်ပြန်ခဲ့ပြီး  မန်နူယယ်အကန်ဂျီကလွဲလို့ တခြားကစားသမားတွေ အားလုံးမှာ ပိုးတွေ့ရှိရခြင်း မရှိခဲ့သလို ရှာကီရီကတော့ လီဗာပူးအသင်းမှာကတည်းက ပိုးတွေ့ခဲ့ပေမယ့် လက်ရှိအချိန်မှာ Negative ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဆွစ်ဇာလန်အသင်းဟာ အောက်တိုဘာ ၈ ရက်က ခရိုအေးရှားနဲ့ ခြေစမ်းရာမှာ ၂ ဂိုး ၁ ဂိုး နဲ့ ရူံးနိမ့်ခဲ့ပါတယ်။  နေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ စပိန်၊ ဂျာမနီအသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ 
7 months Ago
Up