ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ လီဗာပူးကွင်းလယ်ကစားသမား ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးဖို့ လီဗာပူးမြို့ကို ရောက်ရှိနေပါတယ်။
ဘာစီလိုနာအသင်းဟာ နေမာကို ပီအက်စ်ဂျီအသင်းဆီ ရောင်းချလိုက်တဲ့အတွက် သူ့နေရာမှာ ကော်တင်ဟိုနဲ့ အစားထိုးဖို့ အလိုရှိနေတာပါ။
ကော်တင်ဟိုအတွက် ပေါင် ၇၂ သန်းနဲ့ ပထမတကြိမ် ကမ်းလှမ်းထားပေမယ့် လီဗာပူးအသင်းက ပယ်ချထားပါတယ်။
လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်း အားကစားဒါရိုက်တာတွေဖြစ်တဲ့ အော်စကာဂရာယူ၊ ရာအူးလ်ဆန်လီဟီနဲ့ ဂျာဗီယာဘော်ဒက်စ်တို့ ၃ ဦးဟာ သြဂုတ် ၈ ရက်နေ့က လီဗာပူးမြို့ကို ရောက်ရှိလာပြီး အကြိုသဘောတူညီမှုရဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုအတွက် နောက်ထပ် ပေါင် ၈ သန်း တိုးမြှင့်ပြီး ပေါင်သန်း ၈၀ နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။
6 years Ago