လီဗာပူးကို ရွေးချယ်ခဲ့ခြင်းမှာ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ဖြစ်ဟု ဘာလော့တယ်လီ ပြော

A d v e r t i s e m e n t With Us

September 12, 2016

လီဗာပူးကို ရွေးချယ်ခဲ့ခြင်းမှာ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ဖြစ်ဟု ဘာလော့တယ်လီ ပြော

လီဗာပူးကိုပြောင်းဖို့ ရွေးချယ်ခဲ့တာဟာ ဘ၀မှာ အဆိုးဝါးဆုံး ဆုံးဖြတ်ချက်ကို ပြုလုပ်မိတာ ဖြစ်တယ်လို့ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီက ပြောလိုက်ပါတယ်။ တိုက်စစ်မှူး ဘာလော့တယ်လီဟာ အေစီမီလန်ကနေ ၂၀၁၄ မှာ လီဗာပူးကို ပြောင်းရွှေ့ခဲ့ပြီး ၂၈ ပွဲမှာ ၄ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်ကို အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပွဲပေါင်း ၂၀ မှာ ၁ ဂိုးပဲ သွင်းယူနိုင်ပါတယ်။ ဒီနှစ် နွေရာသီမှာတော့ လီဗာပူးက သူ့ကို ပြင်သစ်ကလပ် နိုက်စ်ကို ရောင်းချခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက် ညက ပြင်သစ် အမှတ်ပေးလိဂ်ပွဲစဉ်မှာတော့ နိုက်စ်က မာဆေးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူုး ဘာလော့တယ်လီ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခုလို ဂိုးတွေသွင်းယူနိုင်တဲ့အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုတောင် မျှော်မှန်းနိုင်မှာ ဖြစ်တယ်လို့ ဘာလော့တယ်လီက ပြောဆိုသွားပါတယ်။
4 years Ago
Up