တနင်္ဂနွေနေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းက နာမည်ကြီး လီဗာပူးကို နောက်ကနေ လိုက်ကစားပြီး ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဘုန်းမောက်အတွက်တော့ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းကို ပထမဆုံးအကြိမ် အနိုင်ရတာ ဖြစ်ပါတယ်။
လီဗာပူးက အဝေးကွင်းမှာ ပထမပိုင်းမှာတင် မာနီနဲ့ အိုရီဂီတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင် ကစားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဘုန်းမောက်အတွက် ချေပဂိုးကို ၅၆ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပါတယ်။
အဲဒီနောက် ၆၄ မိနစ်မှာ လီဗာပူးအတွက် တတိယဂိုးကို ကန်က သွင်းယူပြီး အိမ်ရှင်အတွက် ဒုတိယချေပဂိုးကို ၇၆ မိနစ်မှာ သွင်းယူပါတယ်။
နောက် ၂ မိနစ် အကြာမှာပဲ တတိယ ချေပဂိုး သွင်းယူပြီး နာကျင်အချိန်ပိုမိနစ်မှာ အနိုင်ဂိုး ရသွားတာပါ။
ဒီပွဲမှာ လီဗာပူးအသင်း ခြေအသာနဲ့ ကစားနိုင်ပေမယ့် နောက်တန်းအမှားတွေကြောင့် အရှုံးပေးလိုက်ရတာပါ။
ဒီပွဲရှုံးလို့ လီဗာပူးက အမှတ် ၃၀ နဲ့ အဆင့် ၃၊ ဘုန်းမောက်က ၁၈ မှတ်နဲ့ အဆင့် ၁၀ မှာ ရှိနေပါတယ်။
6 years Ago