လီဗာပူးကို ၁ ဂိုး ဂိုးမရှိဖြင့် ဆွမ်ဆီး အနိုင်ယူ

January 23, 2018

လီဗာပူးကို ၁ ဂိုး ဂိုးမရှိဖြင့် ဆွမ်ဆီး အနိုင်ယူ (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ လက်ကျန်ပွဲအဖြစ် ဆွမ်ဆီးနဲ့ လီဗာပူးတို့ မနေ့ကယှဉ်ပြိုင်ရာ ဆွမ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့စံချိန် ကျိုးပျက်ခဲ့ရပါတယ်။ လီဗာပူးဟာ ဒီပွဲမှာ ဖာမီနို၊ ဆာလက်၊ မာနေ၊ ချိန်ဘာလိန်၊ ဝစ်ခ်ျနယ်လ်ဒန်၊ အမ်မရီကန်၊ ရောဘတ်ဆန်၊ ဗန်ဒိုက်၊ မာတစ်၊ ဂိုမက်ဇ်နဲ့ ဂိုးသမားအဖြစ် ကားရီးယပ်စ်တို့ကို ပွဲထွက်အသုံးပြုခဲ့ပါတယ်။ ဆွမ်ဆီးအသင်းကလည်း အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ကွင်းမှာ လီဗာပူးကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ လီဗာပူးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်တွေမှာ အပြတ် အသာစီးရခဲ့ပေမယ့် တိုက်စစ်မှူးတွေ ကန်သွင်းချက်လွဲချော်တာ၊ ဆွမ်ဆီးဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်တာတွေကြောင့် လီဗာပူး အခက်တွေ့ခဲ့ရတာပါ။ ဒါ့အပြင် လီဗာပူး ကွင်းလယ်က ဘောလုံးပေးပို့မှုတွေလည်း လွဲချော်ခဲ့တဲ့အတွက် တိုက်စစ်ဆင် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဆွမ်ဆီးအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် မိနစ် ၄၀ မော်ဆန်က အနီးကပ် ပိတ်သွင်းယူခဲ့ပါတယ်။ ဒီပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လီဗာပူးအသင်းဟာ ရမှတ် ၄၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ဆက်လက်ရပ်တည်နေပြီး ဆွမ်ဆီးကလည်း ရမှတ် ၂၀ နဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။
3 years Ago
Up