စပိန်လာလီဂါက ဆီဗီးလာအသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူးအသင်းကို အနိုင်ယူပြီး ယူရိုပါလိဂ်မှာ ၃ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်လာပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မှာ ကျင်းပတဲ့ ပွဲရဲ့ ပထမပိုင်း ၃၅ မိနစ်မှာ လီဗာပူးအသင်းက ဒင်နီယယ် စတားရစ်ခ်ျက အဖွင့်ဂိုးကို စတင်သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်း ၄၆၊ ၆၄၊ ၇၀ မိနစ်တွေမှာ ဆီဗီးလာအသင်းက ၃ ဂိုးသွင်းယူပြီး လီဗာပူးအသင်းကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ လီဗာပူးအသင်း ကစားပုံကောင်းခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်း ကစားပုံ ပြိုကျသွားလို့ ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုကို ကြည့်ရင်တော့ လီဗာပူး အသာစီးရခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်မှာလည်း အသာစီးရခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ ဆီဗီးလာကတော့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။
5 years Ago