လီဗာပူးကစားသမား ဆာခို ဆေးမအောင်သည့်ကိစ္စ ကန့်ကွက်မည်မဟုတ်

April 28, 2016

လီဗာပူးကစားသမား ဆာခို ဆေးမအောင်သည့်ကိစ္စ ကန့်ကွက်မည်မဟုတ်

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လီဗာပူးကစားသမား ဆာခိုက ဆေးမအောင်တဲ့ကိစ္စကို ကန့်ကွက်သွားမှာ မဟုတ်သလို လက်ကျန်ပွဲစဉ်တွေကို ကစားရဖို့ မျှော်လင့်မထားတော့ဘူးလို့ ဆိုပါတယ်။ မတ် ၁၇ ယူရိုပါလိဂ်ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားပြီး ဆေးစစ်ခဲ့ရာမှာ ဆာခို ဆေးကျသွားပါတယ်။ ဧပြီ ၃ ရက်အထိ နောက်ထပ် နမူနာတခုကို စစ်ဆေးဖို့ တောင်းဆိုနိုင်ပေမယ့် သူက တောင်းဆိုသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ စစ်ဆေးမှုတွေ မပြီးဆုံးသရွေ့ နောက်ခံလူ ဆာခိုကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။ ယူအီးအက်ဖ်အေက အရေးယူဖို့တော့ တစုံတရာ စွဲဆိုထားခြင်း မရှိပါဘူး။ ဒီဖြစ်ရပ်ဟာ လျှို့ဝှက်ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်အပေါ် လီဗာပူးအသင်းကတော့ မှတ်ချက်ပေး ပြောကြားခဲ့ခြင်း မရှိပါဘူး။ ၂၀၁၃ ခုနှစ်မှာ ပြင်သစ် ပဲရစ်စိန့်ဂျာမိန်းက ရောက်ရှိလာတဲ့ ဆာခိုဟာ လီဗာပူးအသင်းအတွက် ၃၄ ပွဲ ကစားထားပေးပါတယ်။
6 years Ago
Up