လီဗာပူးကစားသမားသစ်

July 19, 2018

လီဗာပူးကစားသမားသစ် ရှာကွီရီ ဆေးစစ်ပြီး အသင်းဖော်များနှင့် တွေ့ဆုံ

လီဗာပူးကစာသမားသစ် ရှာကွီရီဟာ ဇူလိုင် ၁၈ ရက်က အသင်းနဲ့အတူ ဆေးစစ်ခဲ့ပြီး နည်းပြ ဂျာဂန်ကလော့နဲ့ အသင်းဖော်တွေကို တွေ့ဆုံနူတ်ဆက်ခဲ့ပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင် ရှာကွီရီဟာ ပြီးခဲ့တဲ့ တပတ်ကမှ စတုတ်စီးတီးအသင်းကနေ ပေါင် ၁၃ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။ ဇူလိုင် ၁၈ ရက်မှာ လီဗာပူးအသင်းဆီလာပြီး ဆေးစစ်ပြီးနောက် နည်းပြ ဂျာဂန်ကလော့နဲ့ တွေ့ဆုံခဲ့သလို ဗန်ဒိုက်၊ ၀ီလ်နယ်ဒမ်း၊ နာဘီကီတာ တို့နဲ့လည်း တွေ့ဆုံနူတ်ဆက်ခဲ့ပါတယ်။ လီဗာပူးအသင်းကို လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက ပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပြီး ပွဲထွက်ကစားဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေတယ်လို့ ရှာကွီရီက ဆိုပါတယ်။ ဒါ့အပြင် နည်းပြ ဂျာဂန်ကလော့နဲ့လည်း ဂျာမန်မှာကတည်းက သိကျွမ်းခဲ့ပြီး သူဟာ လီဗာပူးအသင်းရဲ့ ကစားပုံကို ပိုကောင်းအောင် ပြောင်းလဲခဲ့သူဖြစ်တယ်လို့ ရှာကွီရီက ပြောကြားခဲ့ပါတယ်။
3 years Ago
Up