လီဗာပူး

September 24, 2021

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုခေါ်ယူလိုသည့်အသင်းများတွင် လီဗာပူး ပါဝင်လာ

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ လီဗာပူး အသင်းလည်း ပါဝင်လာပါတယ်။ 

စပိန်သတင်း ဒီပို့တီဗိုရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဟာလန်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်မယ့် နည်းလမ်းကို စတင်ရှာဖွေနေပြီလို့ ဆိုပါတယ်။ 

အသက် ၂၁ နှစ်ရှိ နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၆၇ ပွဲ ကစားရာမှာ ၆၈ ဂိုးအထိ သွင်းယူထားတာပါ။ 

သူ့ရဲ့စာချုပ်ပါလျော်ကြေးဟာ လာမယ့်နှစ် နွေရာသီမှာ ပေါင် ၇၇ သန်းသာ ရှိတော့မှာဖြစ်ပြီး ဥရောပထိပ်တန်းကလပ်တွေအတွက်  အခက်အခဲ မရှိနိုင်တဲ့ ပြောင်း ရွှေ့ကြေးဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းဘက်ကလည်း ဟာလန်းကို ဆက်ထိန်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာ သိရှိထားတယ်လို့ အသင်းအမှုဆောင်အရာရှိချုပ် ဂျိုအာချင်က ဝန်ခံထားပါတယ်။ 

ဒါပေမယ့် အသင်းမှာရှိတဲ့ ထိပ်တန်းကစားသမားတွေကို တက်နိုင်သမျှ ဆက်ထိန်းဖို့ ကြိုးပမ်းသွား မယ်လို့ ဒေါ့မွန်စီအီးအိုက ပြောထားပါတယ်။ 

ဟာလန်းကိုခေါ်ယူဖို့ လီဗာပူးအပြင် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းတွေကလည်း စိတ်ဝင်စားဆဲဖြစ်ပါတယ်။ 

3 days Ago

September 23, 2021

လိဂ်ဖလားစတုတ္ထအဆင့်တွင် လီဗာပူးကလွဲပြီး ကျန်အသင်းကြီးများ လိဂ်ပြိုင်ဘက်များနှင့်တွေ့ဆုံ

EFL ကရာဘောင်လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်များ မဲနှိုက်ရွေးချယ်ခဲ့ရာမှာ လီဗာပူးကလွဲပြီး ကျန်ထိပ်သီးအသင်းတွေက ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

လက်ရှိချန်ပီယံ မန်စီးတီးက မန်ယူအသင်းကို ကျော်ဖြတ်လာတဲ့ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။ 

ဗီလာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ယူခဲ့တဲ့ ချဲလ်ဆီးက ဆောက်သမ်တန်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ 

အာဆင်နယ်က လိဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်၊ စပါးက ဘန်လေနဲ့အဝေးကွင်းပွဲစဉ်၊ လက်စတာက ဘရိုက်တန်နဲ့ အိမ်ကွင်းပွဲစဉ်တွေအနေနဲ့ ယှဉ်ပြိုင်သွားရမှာပါ။ 

လီဗာပူးအသင်းကတော့  ချန်ပီယံရှစ်ကလပ် ပရက်စတန်နဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး စတုတ်စီးတီးနဲ့ ဘရန့်ဖို့ဒ်၊ ကျူပီအာနဲ့ဆန်းဒါးလန်းတို့ တွေ့ဆုံခဲ့ပါတယ်။ 

စတုတ္ထအဆင့်မှာ စုစုပေါင်း ၁၆ သင်းပါဝင်ပြီး ပွဲစဉ် ၈ ပွဲ ယှဉ်ပြိုင်ကစားရမှာပါ။ လာမယ့် အောက်တိုဘာ ၂၆ နဲ့ ၂၇ ရက်တွေ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။

4 days Ago
More News
Up