လီဗာပူ

January 22, 2021

ချန်ပီယံဆုထက်အဆင့် ၄ အတွင်းဝင်ရန်  လီဗာပူး စိုးရိမ်နေရပြီဟု ကာရေဂါ သုံးသပ်

လီဗာပူးအသင်းအနေနဲ့ ချန်ပီယံဆု မျှော်မှန်းဖို့ထက် ထိပ်ဆုံးအဆင့် ၄ အတွင်း ဝင်ဖို့တောင် စိုးရိမ်စရာဖြစ်လာပြီလို့ နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ပါတယ်။  ဒီနေ့မနက်ပိုင်းက ဘန်လေအသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ အသင်းဟောင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကာရေဂါက သုံးသပ်ခဲ့တာပါ။  လီဗာပူးဟာ ထိပ်ဆုံးက မန်ယူနဲ့ ၆ မှတ်အကွာ အဆင့် ၄ မှာရပ်တည်နေပြီး အဆင့် ၇ က ဝက်စ်ဟမ်းနဲ့ ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။  လီဗာပူးအသင်းအနေနဲ့ ချန်ပီယံပြေးလမ်းကနေ ချော်ထွက်သွားပြီဖြစ်ပြီး ပြေးလမ်းထဲ ပြန်ဝင်လာဖို့ အလွန်ခက်ခဲသွားပြီဖြစ်တယ်လို့ ကာရေဂါကသုံးသပ်ပါတယ်။ “ချန်ပီယံဆုဖလားထက်စာရင် ထိပ်ဆုံးလေးသင်းဝင်ဖို့တောင် သူတို့အတွက် စိုးရိမ်စရာ ဖြစ်သွားပြီ။ ထိပ်ဆုံးကအသင်းနဲ့ ၆ မှတ်ကွာသွားတာက အကြောင်းမဟုတ်ဘဲ မီနိုင်ပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခြေစွမ်းနဲ့နောက်လာမယ့်ပွဲစဉ်တွေအရတော့ ပြန်လာနိုင်ဖို့ခက်သွားပါပြီ”လို့ ကာရေဂါက ပြော ပါတယ်။  လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် စပါး၊ ဝက်စ်ဟမ်း၊ ဘရိုက်တန် အသင်း တွေနဲ့ ကစားရဖို့ရှိပြီး မန်စီးတီး၊ လက်စတာ၊ အဲဗာတန်အသင်းတွေနဲ့လည်း ဆက်ကစားရ မှာဖြစ်ပါတယ်။
11 months Ago

December 19, 2020

ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကိုခေါ်ရန် လီဗာပူးအသင်း နီးစပ်

လီဗာပူးအသင်းဟာ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။  ကွင်းလယ်ကစားသမား ဝီလ်နယ်ဒမ်းကို ဘာစီလိုနာအသင်းဆီ လက်လွှတ်ရဖို့ရှိနေတဲ့ လီဗာပူးအသင်းဟာ သူ့နေရာမှာ အစားထိုးဖို့အတွက် ဘစ်ဆိုမာကို ချိတ်ဆက်နေတာပါ။  ဝီလ်နယ်ဒမ်းက ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီမှာ ရောင်းချဖြစ်ဖို့ရှိနေပြီး ဘစ်ဆိုမာနဲ့ အစားထိုးဖို့ဖြစ်လာတာပါ။  အသက် ၂၄ နှစ်ရှိ မာလီကွင်းလယ်လူ ဘစ်ဆိုမာဟာ ၂၀၁၈ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီကနေ ပြောင်းရွှေ့လာခဲ့တာပါ။ ဘရိုက်တန်မှာ ခြေစွမ်းပြနေတဲ့ ဘစ်ဆိုမာကို ခေါ်ယူလိုပါက ပေါင်သန်း ၃၀ လောက် ပေးချေရနိုင်တယ်လို့ သိရပါတယ်။ 
12 months Ago
More News
Up