လီဒိုလမ်းမကြီး

August 9, 2018

ရှင်ဗွေယန် -နန်ယွန်း လီဒိုလမ်းမကြီး ပြင်ဆင်ပြီးစီး၊ ကားနှင့်ဆိုင်ကယ်များ သွားနိုင်ပြီ

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မိုးများတဲ့အတွက်ကြောင့် ပျက်စီးသွားတဲ့ ကချင်ပြည်နယ် ရှင်ဗွေယန်-နန်ယွန်း လီဒိုလမ်းမကြီး ပြတ်တောက်ပျက်စီးတာတွေ ပြုပြင်ပြီးစီးပြီ ဖြစ်ပါတယ်။ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဇော်ဝင်းက “လက်ရှိ ပြုပြင်ပြီးစီးတဲ့ အနေအထားနဲ့ကတော့ ရှင်ဗွေယန်-နန်ယွန်းလမ်းကို ကား၊ ဆိုင်ကယ်တွေနဲ့ သွားလာလို့ရပြီ” လို့ ပြောပါတယ်။ ရှင်ဗွေယန်-နန်ယွန်း လီဒိုလမ်းမကြီး ပြတ်တောက်ပျက်စီးနေတဲ့လမ်းကို လမ်းဦးစီးဌာနရဲ့ ပြင်ဆင်ထိန်းသိမ်းရေးစရိတ်နဲ့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up