တရုတ်လက်ရွေးစင်အသင်းက နည်းပြသစ်အဖြစ် အဲဗာတန်ကွင်းလယ်သမားဟောင်း လီတိုက်ကို ခန့်အပ်လိုက်ပါတယ်။
တရုတ်အသင်းကနေ နုတ်ထွက်သွားတဲ့ အီတလီသား နည်းပြ မာဆယ်လို လစ်ပီရဲ့ နေရာမှာ တရုတ်လက်ရွေးစင် ကစားသမားဟောင်း လီတိုက်နဲ့ အစားထိုးလိုက်တာပါ။
အသက် ၄၂ နှစ်အရွယ် လီဟာ တရုတ်လက်ရွေးစင်အသင်းအတွက် ၉၂ ပွဲ ကစားပေးထားပြီး ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။
သူဟာ ၂၀၀၂ တုန်းက နည်းပြ ဒေးဗစ်မွိုင်စ်ရဲ့ လက်ထက် အဲဗာတန်အသင်းမှာ ကစားခဲ့ဖူးပါတယ်။
1 year Ago