လီဇေနန်းတော်

December 25, 2020

ပြင်သစ်သမ္မတ ကိုဗစ်လက္ခဏာ မတွေ့ရတော့ဟု လီဇေနန်းတော်သတင်းထုတ်ပြန်

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းမှာ ကိုဗစ်-၁၉ လက္ခဏာတွေ မတွေ့ရတော့ဘူးလို့  လီဇေနန်းတော်က  ဒီဇင်ဘာ ၂၄ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။  လာလန်တယ်ရိပ်သာမှာ  ၇ ရက်သီးခြားခွဲနေပြီးနောက် သမ္မတ မက်ခွန်းရဲ့  ကွာရန်တင်းဟာ ပြီးဆုံးသွားပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  သမ္မတမက်ခွန်းဟာ အီးယူခေါင်းဆောင်တွေနဲ့ အစည်းအဝေး အများအပြား လုပ်ခဲ့ပြီးနောက်    ဒီဇင်ဘာ ၁၇ ရက်က သူ့မှာ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။  သမ္မတ မက်ခွန်းဟာ ခေါင်းကိုက်တာ၊ ခေါင်းခြောက်ဆိုးတာနဲ့ မောပန်းတာတွေ ရက်ပေါင်း အတော်ကြာ ခံစားခဲ့ရပြီးနောက် ဒီဇင်ဘာ ၂၃ ရက်မှာ အခြေအနေ ကောင်းမွန်လာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
10 months Ago
Up