လီကွတ်ပါတီခေါင်းဆောင်ရွေးကောက်ပွဲ

A d v e r t i s e m e n t With Us

December 27, 2019

အစ္စရေး လီကွတ်ပါတီခေါင်းဆောင်ရွေးကောက်ပွဲတွင် နေတန်ယာဟု အနိုင်ရ

အစ္စရေးလက်ယာယိမ်း လီကွတ်ပါတီခေါင်းဆောင်ရွေးကောက်ပွဲမှာ နေတန်ယာဟုက ပြိုင်ဘက် ဂီဒီယန် ဆားလ်ကို အနိုင်ရပြီး  ပါတီခေါင်းဆောင်နေရာကို ပြန်ရရှိခဲ့ပါတယ်။   ဒီဇင်ဘာ ၂၇ ရွေးကောက်ပွဲ ရလဒ်အရ  နေတန်ယာဟုဟာ ထောက်ခံမဲ ၇၂ ဒသမ ၅ ရာခိုင်နှုန်း ရရှိပြီး ပြိုင်ဘက် ဂီဒီယန် ဆားလ်က ၃၀ ရာခိုင်နှုန်းအောက်သာ ရခဲ့ပါတယ်။    နေတန်ယာဟုဟာ လာဘ်ပေးလာဘ်ယူမှု စွဲချက်တွေ ရင်ဆိုင်နေရပေမယ့်   နောက်ဆုံးမဲရေတွက်မှု မတိုင်ခင် သူဟာ အပြတ်အသတ်အနိုင်ရကြောင်း ကြေညာခဲ့ပါတယ်။   လီကွတ်ပါတီတွင်း ရွေးကောက်ပွဲမှာ  နေတန်ယာဟုက ထောက်ခံမဲ ၄၁,၀၀၀ ကျော်ရခဲ့ပြီး ဂီဒီယန် ဆားလ်က  ၁၅,၀၀၀ ကျော်သာ ရခဲ့တာပါ။ ဒီအတွက် နေတန်ယာဟုဟာ လာမယ့် မတ်လ ၂ ရက် အစ္စရေးရွေးကောက်ပွဲမှာ အလိုအလျောက် လီကွတ်ပါတီ ကိုယ်စားလှယ် ခေါင်းဆောင်နေရာကို ပြန်ရရှိခဲ့တယ်လို့ epa သတင်းအရသိရပါတယ်။ 
1 year Ago
Up