လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ဆိုလာမိုဒါ အထည်ချုပ်စက်ရုံက အလုပ်သမားတွေ တရက် လုပ်အားခ ၁၀၀၀ ကျပ် တိုးပေးဖို့အပါအဝင် တောင်းဆိုချက် ၁၃ ချက်နဲ့ ဆန္ဒပြနေပါတယ်။
ဆိုလာမိုဒါ အထည်ချုပ်စက်ရုံက အလုပ်သမား ၅၅၀ လောက်ဟာ စက်တင်ဘာ ၁၈ ရက်နေ့က စပြီး စက်ရုံဝင်းထဲမှာ တောင်းဆိုနေတာပါ။
စက်ရုံအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မသန်းသန်းအေးက “အနည်းဆုံးလုပ်ခ တရက် ၃၆၀၀ က လက်ရှိ နေစရိတ် စားစရိတ်တွေနဲ့ ဘယ်လိုမှ မလောက်ငတော့ပါဘူး။ အဲဒါကြောင့် တောင်းဆိုနေတာပါ။ ၁၀၀၀ ကျပ် ဆိုပေမယ့် အတိအကျပေးဖို့ မဟုတ်ပါဘူး။ ၂ ဖက်ညှိနှိုင်းလို့ လက်ခံနိုင်လောက်တဲ့အထိ ညှိသွားမှာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။
ဒီအငြင်းပွားမှုကို စက်တင်ဘာ ၂၁ ရက်နေ့အထိ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးမှာ ဆွေးနွေးနေပေမယ့် ပြေလည်မှုမရသေးပါဘူး။
4 years Ago