လှိုင်သာယာတွင် လူသေအလောင်းတလောင်းတွေ့ရှိ

April 30, 2018

လှိုင်သာယာတွင် လူသေအလောင်းတလောင်းတွေ့ရှိ

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက်၊ စံပါယ်လမ်းရှိ ရေမြောင်းထဲမှာ လူတစ်ဦးရေနစ်သေဆုံးနေတာကို ရပ်ကွက်နေသူတွေက ဧပြီ ၃၀ရက် မနက်အစောပိုင်းက တွေ့ရှိခဲ့ပါတယ်။ ဘယ်အချိန်ကတည်းက ဘာကြောင့်ဘယ်လို သေဆုံးသွားခဲ့ရတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးသလို လူသေဆုံးမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဆီက မှတ်ချက်တစုံတရာမရရှိသေးပါဘူး။ သေဆုံးသူဟာ အရက်သောက်တတ်လေ့ရှိသူဖြစ်ပြီး သေဆုံးတာ ၃ ရက်လောက်ရှိပြီဖြစ် နိုင်တယ်လို့  ရပ်ကွက်နေသူတွေကတော့ ခန့်မှန်းပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ရန်နိုင်ဇော်ဝင်း
3 years Ago
Up