ရှမ်းပြည်နယ်၊ လွိုင်လင်မြို့အထွက် လွိုင်လင်- တောင်ကြီးသွားကားလမ်းမှာ မေ ၁၉ ရက်နေ့ ၁၀ နာရီခွဲလောက်က ငွေကျပ် သိန်း ၆,၈၀၀ တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
မူးယစ်တပ်ဖွဲ့စု ၂၇ လွိုင်လင်မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့အထွက် ဟိုတင့်ကျေးရွာအနားမှာ သာစည်မြို့နယ်နေ တင်မင်းထွန်း မောင်းနှင်လာတဲ့ SUBARU SAMBAR PICKUP ကားကို ရှာဖွေရာ ကားနောက်ကြမ်းခင်း အံဝှက်ထဲက စိတ်ကြွရူးသွပ် ဆေးပြား ၆ ဒသမ ၈ သိန်း၊ ငွေ ၂၂၀,၀၀၀ ကျပ်နဲ့ လက်ကိုင်ဖုန်း တလုံးတို့ကို သိမ်းဆည်း ရမိခဲ့တာပါ။
တင်မင်းထွန်း(၃၄)နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ပြည်ထဲရေးသတင်းအရ သိရပါတယ်။
ဓာတ်ပုံ-ပြည်ထဲရေး
5 years Ago