လိမ္မော်သီးတိုက်ပွဲ

March 4, 2019

အီတလီတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် လိမ္မော်သီးတိုက်ပွဲ (ရုပ်သံ)

အီတလီနိုင်ငံမြောက်ပိုင်း အီဗရယ်ယာမြို့မှာ ဘရင်ဂျီပွဲတော်ကာလတိုင်း နှစ်စဉ်  ကျင်းပလေ့ရှိတဲ့ လိမ္မော်သီးတိုက်ပွဲကို မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အလယ်ခေတ်ဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ အဖွဲ့တွေဟာ တဖွဲ့ကိုတဖွဲ့ လိမ္မော်သီးတွေနဲ့ အပြင်းအထန် ပစ်ပေါက်တိုက်ခိုက်ကြတာကြောင့် လမ်းမတလျှောက် လိမ္မော်ကောဇောခင်းကြီး ဖြန့်ထားသလို ပြန့်ကြဲနေပါတယ်။ ၁၂ ရာစုလောက်က ဒေသခံ ဂျုံစက်ပိုင်ရှင်သမီး ဗီအိုလက်တာဟာ အဲဒီအချိန်က အီဗရယ်ယာမြို့ကို အုပ်ချုပ်တဲ့ မင်းဆိုးမင်းညစ်တပါးကို ခေါင်းဖြတ်ပြီး မြို့ကို သူ့လက်ကလွတ်အောင် ကယ်ခဲ့တယ်လို့ ဒဏ္ဍာရီလာ ပုံပြင်တပုဒ်က ပြောပါတယ်။ ဗီအိုလက်တာရဲ့ တော်လှန်မှုကို ဂုဏ်ပြုအောက်မေ့တဲ့အနေနဲ့ အဲဒီပွဲတော်ကို နှစ်စဉ်ကျင်းပတာဖြစ်ပြီး လိမ္မော်သီးက အာဏာရှင်မင်းဆိုးရဲ့ ဦးခေါင်းကို ကိုယ်စားပြုတာပါ။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အဲဒီပွဲတော်ဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခြင်းပြယုဂ်နဲ့ အီဗရယ်ယာမြို့ ဘရင်ဂျီပွဲတော်ရဲ့ ပြယုဂ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီလိမ္မော်သီးတိုက်ပွဲ ပွဲတော်ကို နှစ်စဉ် ထောင်ချီတဲ့လူတွေ လာရောက်ကြည့်ရှုကြပြီး ပွဲတော်မှာ အသုံးပြုမယ့် လိမ္မော်သီး အလေးချိန် တန် ၅၀၀ ကျော်ကို စစ္စလီကျွန်းကနေ သင်္ဘောနဲ့ တင်သွင်းရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2 years Ago
Up