လိုအပ်သည့်ပစ္စည်းများလှူဒါန်း

A d v e r t i s e m e n t With Us

April 7, 2020

မရှိနွမ်းပါးသူများကို လိုအပ်သည့်ပစ္စည်းများလှူဒါန်းခဲ့သည့် ဝတ်မှုန်ရွှေရည်(ရုပ်သံ)

       နာမည်ကြီး သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ဟာ COVID-19 ဗိုင်းရပ်စ်ကပ်ကာလမှာ အိမ်မှာ မနေသာဘဲ အပြင်ထွက် ဝမ်းရေးအတွက် လှုပ်ရှားနေကြရတဲ့ မရှိနွမ်းပါးသူတွေကို လိုအပ်မယ့် ပစ္စည်းတွေနဲ့ အလှူဒါန ပြုလုပ်ခဲ့ပါတယ်။        ဒီကပ်ဘေးကာလမှာ အိမ်ထဲနေခွင့်ရပေမယ့် အပြင်မှာ ဝမ်းရေးအတွက် လှုပ်ရှားသွားလာနေရသူ တွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ နေ့စား လုပ်သားတွေ၊ မယ်သီလရှင်တွေ၊ တိုင်းပြည် သန့်ရှင်းရေး‌အတွက်မရှိမဖြစ် စည်ပင်၀န်ထမ်းတွေကို အကူအညီပေးချင်စိတ်ဖြစ်လာတဲ့ အတွက် ခုလိုလှူဒါန်းခဲ့တာလို့  မင်းသမီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။        နင်စေရင်၊ နှလုံးသားဖြင့် ပြုလုပ်သည် စတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာ့ရုပ်ရှင် အ ကယ်ဒမီဆုတွေ ဆွတ်ခူးရရှိထားတဲ့ ဝတ်မှုန်ရွှေရည်ဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦး ဖြစ်ပါတယ်။        ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ တကိုယ်ရေ ကျန်းမာရေးအသုံးအဆောင်တွေဖြစ်တဲ့ သန့်စင်ဆေးရည်(Sanitizer)၊ နှာ ခေါင်းစည်း(Mask)တွေအပါအဝင် ပိုက်ဆံတွေထည့်ပေးထားတဲ့ အိတ်တအိတ်စီကို ပေး ဝေသွားမယ့်အကြောင်း ပြောပြထားပါတယ်။        အဲဒီနောက်မှာတော့ သူကိုယ်တိုင်ကိုယ်ကျ ပေးဝေလှူဒါန်းချင်တဲ့ သူတွေဆီ အ ရောက်သွားပြီး ရင်းရင်းနှီးနှီး ပေးဝေခဲ့ပြီး မင်းသမီးရဲ့ ခုလိုလှုပ်ရှားမှုအပေါ် ပရိသတ်တွေ က ချီးကျူးနေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။        လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းခွဲကျော် ရှိနေပါတယ်။
11 months Ago
Up