လိုရစ်

December 15, 2020

လိုရစ်ကို ပရီးမီးယားလိဂ်၏ အကောင်းဆုံးဂိုးသမားဟု မော်ရင်ဟို ချီးကျူး

စပါးအသင်းရဲ့ ဂိုးသမား လိုရစ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ နည်းပြ မော်ရင်ဟိုက ချီးကျူးလိုက်ပါတယ်။ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပေးလိုက်ရတဲ့ ချေပဂိုးဟာ ဂိုသမားလိုရစ်ရဲ့ အမှားမကင်းခဲ့ပေမဲ့ နည်းပြမော်ရင်ဟိုကတော့ လိုရစ်ဘက်ကနေ ကာကွယ်သွားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ ချီးကျူးခဲ့တာပါ။  အကောင်းဆုံးဂိုးသမားဖြစ်လို့ ဘယ်တော့မှလည်း ဝေဖန်မှာမဟုတ်ကြောင်း၊ ကစားသမား တစ်ဦးချင်းကို အပြစ်တင်တာမျိုး လုပ်တာထက် အသင်းတသင်းလုံးကိုသာ အပြစ်တင်ရမှာ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။  စပါးအသင်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲအပြီးမှာ ၁၀ ဂိုးသာ ပေးထားရပြီး ပရီးမီးယားလိဂ်မှာ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
5 months Ago

July 7, 2020

လိုရစ်နဲ့ ဆွန်ဟောင်မင်တို့ ဖြစ်ခဲ့တဲ့ကိစ္စဟာ တကယ်တော့ ချစ်ရာကောင်းတဲ့အပြုအမှပါ - မော်ရင်ဟို

ဂိုးသမား ဟူဂိုလိုရစ်နဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်တို့ကြား ဖြစ်ပွားခဲ့တဲ့ တင်းမာမှုဟာ “ချစ်စရာကောင်း” ပြီး အသင်းအတွက် တိုးတက်ဖို့လိုအပ်နေတဲ့ အရာတခုဖြစ်တယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။   ဒီကစားသမားနှစ်ဦးဟာ အဲဗာတန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း အပြန်အလှန် တွန်းထိုးမှုဖြစ်ပွားခဲ့တာပါ။ အသင်းခေါင်းဆောင် လိုရစ်က ဆွန်ကို ဒေါသတကြီး သွားရောက်ရင်ဆိုင်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ တင်းမာမှုကို အသင်းဖော်တွေဖြစ်တဲ့ လိုဆယ်လိုနဲ့ ဟယ်ရီဝင့်ခ်တို့က ဝင်ရောက်ဖျန်ဖြေပေးခဲ့ရပါတယ်။ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို အခွင့်အရေးမရရှိအောင် နောက်ဆင်း တားဆီးပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လိုရစ်က ဆွန်ကို ဒေါသထွက်ခဲ့တာပဲဖြစ်ပါတယ်။  “ကျနော်တို့နှစ်ဦးကြားမှာ ဘာပြဿနာမှ မရှိတော့ပါဘူး။ အဝတ်လဲခန်းထဲမှာ မဟုတ်ရင် ခင်ဗျားအနေနဲ့  ကွင်းထဲမှာ ပြောချင်ရာပြောလို့ရပါတယ်။ ကျနော်နဲ့ ဆွန်တို့ကြားမှာဖြစ်ခဲ့တဲ့ ကိစ္စဟာလည်း ဘောလုံးအားက စားရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ ကျနော်တို့ နှစ်ဦးဟာ တခြားသူတွေထက်ပိုပြီး ပျော်ရွှင်နေတာကို ခင်ဗျားအနေနဲ့ မြင်တွေ့ခဲ့ရမှာပါ” လို့ လိုရစ်က ပြောပါတယ်။  မော်ရင်ဟိုက “ကျနော်က သူတို့အနေနဲ့ အသင်းဖော်အချင်းချင်းပိုပြီးတော့ တောင်းဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆွန်ဟာ တကယ်ကောင်းတဲ့ ကစားသမားတဦးဖြစ်ပြီးတော့ အားလုံးကလည်း သူ့ကိုနှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ သင်းခေါင်းဆောင်ကတော့ သူ့ကိုပိုအားစိုက်ဖို့နဲ့ အသင်းအတွက်ပိုပြီးတော့ ပေးဆပ်ကစားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါဟာ အသင်းတိုးတက်ဖို့အတွက်  လိုအပ်တဲ့အရာဖြစ်ပါတယ်။ တိုးတက်ဖို့အတွက်ဆိုရင် ခင်ဗျားအနေနဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ထားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။ တနင်္လာနေ့နိုင်ပွဲဟာ မော်ရင်ဟိုအတွက် အကြိမ် ၂၀၀ မြောက်ပရီးမီးယားလိဂ်နိုင်ပွဲ ဖြစ်ပြီးတော့ ပေါ်တူဂီနည်းပြဟာ ဒီလိုမျိုးအောင်မြင်မှုများရရှိခဲ့တဲ့ ၅ ဦးမြောက်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။
10 months Ago
Up