လိုဗရန်

August 29, 2019

လီဗာပူး ‌နောက်ခံလူ လိုဗရန်ကို ခေါ်ယူရန် ရိုးမားအသင်း ပြင်ဆင်

အီတလီကလပ်ရိုးမားအသင်းဟာ လီဗာပူးနောက်ခံလူ လိုဗရန်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရိုးမားအသင်းဟာ စီးရီးအေအဖွင့်ပွဲစဉ်မှာ ဂျီနိုအာအသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး ခံစစ်ပိုင်းကိုပြင်ဆင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဂျူဗင်တပ်နောက်ခံလူ ရူဂါနီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် လိုဗရန်ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ ခရိုအေးရှားလက်ရွေးစင် လိုဗရန်ဟာ လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ရိုးမားအသင်းအနေနဲ့ အပြောင်းအရွှေ့ပိတ်သိမ်းမယ့် စက်တင်ဘာ ၂ ရက်မတိုင်ခင် လိုဗရန်ကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်ပါတယ်။
2 years Ago

August 15, 2018

လီဗာပူးနောက်ခံလူ လိုဗရန် ၃ ပတ်ခန့် အနားယူရမည်

လီဗာပူးနောက်ခံလူ လိုဗရန်ဟာ ဒဏ်ရာသက်သာလာခြင်း မရှိတာကြောင့် ၃ ပတ်လောက် အနားယူရမယ်လို့ နည်းပြ ဂျာဂန်ကလော့ပ်က အတည်ပြုလိုက်ပါတယ်။ ခရိုအေးရှားနောက်ခံလူ လိုဗရန်ဟာ ကမ္ဘာ့ဖလားမှာကတည်းက တင်ပါးဒဏ်ရာရခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အရှင်းမပျောက်သေးတာလို့ ဆိုပါတယ်။ လိုဗရန်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန်၊ လက်စတာ အသင်းတွေနဲ့ ကစားရမယ့်ပွဲတွေကို လွဲချော်မှာဖြစ်ပြီး နိုင်ငံတကာပွဲတွေ အပြီးမှ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။ ဒီဒဏ်ရာဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ဖြစ်ပွားဖူးပြီး ကမ္ဘာ့ဖလားမှာလည်း မိနစ် ၁၂၀ အထိ သုံးပွဲကစားခဲ့ရတာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ ခက်ခဲနိုင်တယ်လို့ ကလော့ပ်က ဆိုပါတယ်။ လိုဗရန်အနေနဲ့ လက်ရှိအချိန်မှာတော့ အပေါ့စားလေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။
3 years Ago
Up