ပြင်သစ်လူငယ်ကစားသမား ဘူဘာခါရီ ဆူမာရေးကို မန်ချက်စတာ ယူနိုက်တက်၊ ဝုဗ်အသင်းနဲ့ စပါးအသင်းတို အပြိုင် ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။
အသက် ၂၀ အရွယ် ဆူမာရေးဟာ အရပ် ၆ ပေ ၂ လက်မရှိတဲ့ ပွင့်သစ်စ လူငယ် ကစားသမားဟာ လိုင်လီအသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားဖြစ်နေပြီးတော့ လိုင်လီဘက်ကလည်း ဆူမာရေးအတွက် ထွက်ခွာကြေး ပေါင်သန်း ၅၀ လောက် သတ်မှတ်ထားပါတယ်။
နာပိုလီ၊ ရီးရဲလ်မက်ဒရစ်၊ ဗလင်စီယာတို့လို အသင်းတွေက ခေါ်ယူလိုနေတဲ့ ဆူမာရေးကို ယူနိုက်တက်အပြင် မော်ရင်ဟို ကိုင်တွယ်နေတဲ့ စပါးအသင်းကလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ လက်ရှိလူစာရင်းကို တောင့်တင်းဖို့အတွက် အနည်းဆုံးကစားသမား ၂ ဦးလောက်ထိ ဖြည့်တင်းဖို့ ကြိးစားနေပြီး ကွင်းလယ်ပိုင်း တောင့်တင်းဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ ဆူမာရေးအတွက် ဝုဗ်အသင်းကလည်း ဈေးကြီးပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
1 year Ago