လိုင်ဇာမြို့

A d v e r t i s e m e n t With Us

April 14, 2020

လိုင်ဇာမြို့က သံသယလူနာတွင်  COVID-19 ရောဂါပိုးမတွေ့

ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့မှာတွေ့ရှိခဲ့တဲ့ သံသယလူနာမှာ COVID-19 ရောဂါ မတွေ့ရှိဘူးလို့ ဧပြီလ ၁၄ ရက် ညနေပိုင်းမှာ ကေအိုင်အိုက ထုတ်ပြန်ပါတယ်။  သံသယလူနာတစ်ဦးနဲ့အတူ တခြားသူ ၈ ဦး  စုစုပေါင်း ၉ ဦးတို့ရဲ့ ဓာတ်ခွဲနမူနာကို  တရုတ်နိုင်ငံကို ပေးပို့ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက်အဖြေရလဒ်အရ အားလုံးမှာ  ရောဂါမတွေ့ရှိဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ သံသယလူနာ သွားရောက်ခဲ့တဲ့ မိုင်းနားစစ်ရှောင်စခန်းနဲ့ ဝိုင်းမော်မြို့က နေအိမ် ကိုတော့ ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲ ဖြစ်ပါတယ်။
11 months Ago

ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် သံသယလူနာ ၁ ဦးတွေ့ရှိ

ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့မှာ သံသယလူနာတစ်ဦးတွေ့ရှိခဲ့ပြီး ဧပြီလ ၁၃ ရက်က လူနာရဲ့ ဓာတ်ခွဲ နမူနာကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ထားတယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။  “ဓာတ်ခွဲရလဒ်ကို ဧပြီ လ ၁၅ ရက်မှာ သိရမှာ ဖြစ်ပါတယ်။ ဧပြီလ ၁၂ရက်နေ့က ဖျားတဲ့ အတွက် ဆေးရုံရောက်ရှိလာတာဖြစ်ပြီး သံသယလူနာ အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်တယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။  သံသယလူနာဟာ မိုင်းနားစစ်ရှောင်စခန်းမှာ ၂ ညအိပ်ပြီး မတ်လ ၂၄ ရက်နေ့က လိုင်ဇာမြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။  ဝိုင်းမော်မြို့နယ်ရှိ သံယလူနာရဲ့ မိသားစုဝင်နေအိမ်ကို home quarantine ပြုလုပ်ထား ပါတယ်။  လိုင်ဇာမြို့နဲ့ အနီးတစ်ဝိုက်မှာ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး လိုင်ဇာမြို့မှာ လက်ရှိ အသွားအလာကန့်သတ် စောင့်ကြည့် quarantine ပြုလုပ်ထားသူ ၁၀ ဦးခန့် ရှိတယ်လို့ သိရပါတယ်။
11 months Ago
Up