လိုင်စင်မဲ့ယာဉ်

June 27, 2020

နယ်ခြားစောင့်တပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး လိုင်စင်မဲ့ယာဉ်များ ရောင်းချသူကို ဖမ်းမိ

ကရင်ပြည်နယ် ဘားအံမြို့မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်ရယူတာနဲ့ လိုင်စင်မဲ့ယာဉ်တွေ ရောင်းချနေသူ ၁ ဦးအား ဖမ်းဆီးမိတယ်လို့ တပ်မတော်က ဇွန် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာနေ ဘီလား(ဘ) ဦးမိုဗစ်ရာမန်ဟာ နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတစ်ဦးအဖြစ် အယောင်ဆောင်ပြီး ဘားအံမြို့ပေါ်ရပ်ကွက်တွေမှာ ငွေကြေးလိမ်လည်ရယူတာနဲ့ လိုင်စင်မဲ့ယာဉ်တွေ ရောင်းချတာတွေ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံစစ်ဆေးရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ ဘားအံမြို့၊ ကားကြီးဝင်းမှာ ဇွန် ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က ဘီလားအား ပွိုင့်-၃၈ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကျည် ၃ တောင့်တို့နဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အယောင်ဆောင်သူအား ဘားအံမြို့မရဲစခန်းမှာ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
11 months Ago
Up