လိုင်းခန်းတွဲ မီးလောင်ကျွမ်းပျက်စီး

July 25, 2017

ရေကျော် မီးလောင်မှု မီးရထားရဲဝန်ထမ်း လိုင်းခန်းတွဲ မီးလောင်ကျွမ်းပျက်စီး

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့ ကပ်နေတဲ့ ရေကျော် ရထားသံလမ်းဘေး မဟာသုခလမ်း၊ လွတ်လပ်ရေးရပ်ကွက်မှာ ဒီကနေ့ မနက်က မီးလောင်မှုဖြစ်ပွားပြီး မီးရထားရဲဝန်ထမ်း လိုင်းခန်းတွဲ တခု လောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။ မီးရထားရဲလိုင်းခန်းမှာ ထမင်းချက်ရာကနေ နံနက် ၁၀ နာရီခွဲလောက်မှာ Leval 2 အဆင့် မီးလောင်မှုဖြစ်ပွားပြီး နံနက် ၁၁နာရီလောက်မှာ မီးတောက်ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ သတင်း၊ဓာတ်ပုံ - ကိုလွင်မှိုင်း
4 years Ago
Up