လိုင်ယွန်

February 9, 2019

လိုင်ယွန် ကွင်းလယ်ကစားသမားကို ခေါ်ယူရန် မန်ယူဆက်သွယ်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒွမ်ဘီလီကို ခေါ်ယူဖို့အတွက် ဆက်သွယ်နေတယ်လို့သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် လိုင်ယွန်ကွင်းလယ်ကစားသမားကို စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေချိန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတoင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်မှာ အားထားရတဲ့ ကွင်းလယ်ကစား ပေါ့ဘာရှိနေပြီး ဖြစ်ပေမယ့် ပေါ့ဘာကို တိုက်စစ်ပိုင်း လိုက်ပါကစားစေချင်နေတာကြောင့် ကွင်းလယ်မှာ အထိုင်ကစားမယ့် ကစားသမားတဦး အလိုရှိနေတာဖြစ်ပါတယ်။ အန်ဒွမ်ဘီလီဟာ အေမီယန်းစ်အသင်းကနေ လိုင်ယွန်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးတော့ ပွဲပေါင်း ၄၀ ကျော် ကစားပေးထားသူလည်း ဖြစ်ပါတယ်။
2 years Ago

September 20, 2018

လိုင်ယွန်နှင့်ပွဲရှုံးနိမ့်မှု ဂွါဒီယိုလာ ပွဲပယ်ခံထားရမှုကြောင့် မဟုတ်ဟု အာတီတာ ပြော

လိုင်ယွန်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာဟာ ဂွါဒီယိုလာ ပွဲပယ်ခံထားရတာနဲ့ မသက်ဆိုင်တဲ့ အကြောင်း လက်ထောက်နည်းပြ အာတီတာက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ လိုင်ယွန်နဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ နည်းပြချုပ် ဂွါဒီယိုလာ ပွဲပယ်ခံထားရတာကြောင့် လက်ထောက်နည်းပြ အာတီတာက ဦးဆောင်ကိုင်တွယ်ခဲ့ပါတယ်။ ရှုံးပွဲတွေ့ခဲ့တာဟာ ဂွါဒီယိုလာ ပွဲပယ်ခံထားရတာကြောင့်လို့ ပြောလို့မရဘဲ သူကိုင်တွယ်မယ်ဆိုရင်လည်း ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနိုင်သလို ၃ ဂိုးပြတ်နဲ့လည်း ရှုံးနိမ့်သွားနိုင်တယ်လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်လို ထိပ်တန်းပြိုင်ပွဲမှာ ခြေစွမ်းအမြင့်ဆုံးရှိဖို့လိုကာ ဘောလုံးဆုံးရှုံးမှုများပြီး အသင်းဟန်ချက် မတည်ငြိမ်တာကြောင့် ရှုံးပွဲတွေ့ခဲ့တာဖြစ်တယ်လို့ အာတီတာက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
3 years Ago
Up