လိုင်စင်စစ်ဆေးစဉ် ရပ်မပေးဘဲ ထွက်ပြေးသဖြင့် ကားပေါ်တွဲလောင်းချိတ်ပါသွားခဲ့သည့် ရဲအရာရှိ

A d v e r t i s e m e n t With Us

September 7, 2016

လိုင်စင်စစ်ဆေးစဉ် ရပ်မပေးဘဲ ထွက်ပြေးသဖြင့် ကားပေါ်တွဲလောင်းချိတ်ပါသွားခဲ့သည့် ရဲအရာရှိ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းခရိုင်၊ ကျင်းဒိုမြို့မှာ ယာဉ်ထိန်းရဲအရာရှိတဦးဟာ ကားတစီးကို စစ်ဆေးချိန် အဆိုပါကားဟာ ရပ်မပေးဘဲ ထွက်ပြေးခဲ့တဲ့အတွက် ကားရှေ့လေကာမှန်ပေါ် တွဲလောင်းချိတ်လျက်သား ပါသွားခဲ့ပါတယ်။ အဆိုပါ တာဝန်ကျရဲအရာရှိဟာ လိုင်စင်ပလိတ်ပြား မပါရှိဘဲ မောင်းလာတဲ့ကားကို ရပ်တန့်ပေးဖို့ ပြောခဲ့တာပါ။ ဒါပေမယ့် ယာဉ်မောင်းသူဟာ ရပ်တန့်ပေးဖို့ ငြင်းဆိုခဲ့ကာ ကားကို မောင်းထွက် ပြေးသွားချိန်မှာ ယာဉ်ထိန်းရဲက တားဆီးရင်း ကားရှေ့လေကာမှန်ပေါ် တွဲလောင်းချိတ်လျက်သား ပါသွားခဲ့တာလို့ စီစီတီဗွီသတင်းမှာ စက်တင်ဘာ ၆ ရက်နေ့က ဖော်ပြပါတယ်။ ကားဟာ မီတာ ၁၀၀ အကွာအဝေးထိ မောင်းနှင်ပြီး အချိန် ၂ မိနစ်လောက် အကြာမှာတော့ ရပ်တန့်လိုက်ပြီး ယာဉ်မောင်းဖြစ်သူက ထွက်ပြေးဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ရဲအရာရှိက သူ့ကို လျင်မြန်စွာပဲ ချုပ်နှောင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအပြုအမူအတွက် အဆိုပါယာဉ်မောင်းဟာ ချုပ်ရက် ၁၀ ရက် ကျခံရမှာဖြစ်ပြီး ဒဏ်ငွေ ယွမ် ၂၀၀ (အမေရိကန်ဒေါ်လာ ၃၀) ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ယာဉ်မောင်းနှင်မှုမှတ်တမ်းမှာ ပြစ်ဒဏ်သတိပေးမှု ၁၂ ပွိုင့် သတ်မှတ်ခံရမှာဖြစ်ပြီး လိုင်စင်ပလိတ်ပြားမပါရှိဘဲ မောင်းနှင်တဲ့အတွက် ဒဏ်ငွေ ယွမ် ၂၀၀ ထပ်မံပေးဆောင်ရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up