လိုက်မီ

November 5, 2020

ဂျရတ်၏ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို  မိုဆာလာက ၄ နှစ်အတွင်း လိုက်မီ

လီဗာပူးတိုက်စစ်မှူး မိုဆာလာဟာ အသင်းဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး မှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။  ဆာလာဟာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာတစ်ဂိုး သွင်းယူခဲ့ပြီးနောက် လစ်ဗာပူးနဲ့အတူ ချန်ပီယံလိဂ်သွင်းဂိုး ၂၁ ဂိုး ရှိသွားခဲ့တာပါ။  အသင်းဂန္ထဝင်ကွင်းလယ်လူ စတီဗင်ဂျရတ်ဟာလည်း သူ့ရဲ့ လီဗာပူးကစားသမားဘဝမှာ ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း ၂၁ဂိုးနဲ့ မှတ်တမ်းတင်ထားတာဖြစ်ပြီ ဆာလာကအသင်းနဲ့ ၄နှစ်ကြာ ကာလအတွင်းမှာပဲ လိုက်မီခဲ့တာပါ။  ဆာလာအနေနဲ့လာမယ့်ပွဲစဉ်မှာ အတ္တလန်တာအသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်အဖြစ် အမ်ဖီးလ်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျရတ်ရဲ့ သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။  အတ္တလန်တာနဲ့ပွဲမှာ လီဗာပူးက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဥရောပပွဲစဉ်တွေမှာ အင်္ဂလန်ကလပ်တွေက အီတလီကလပ်တွေကို အဝေးကွင်းမှာ ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 
1 year Ago

August 9, 2020

ရော်နယ်ဒို၏ ချန်ပီယံလိဂ်သွင်းဂိုးစံချိန်ကို လိုက်မီတော့မည့် လီဝန်ဒေါ့စကီး 

ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါ့စကီးဟာ ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ အလိုင်းယန့်အရီနာမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အိမ်ရှင်ဘိုင်ယန်အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၇ ဂိုး ၁  ဂိုးနဲ့နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။  ဒီပွဲမှာ ၂ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် လီဝန်ဒေါ့စကီးရဲ့ ဒီရာသီချန်ပီယံလိဂ် သွင်းဂိုးအရေအတွက်ဟာ ၁၃ ဂိုးအထိ ရှိလာပြီပဲဖြစ်ပါတယ်။ ၂၀၁၃-၁၄ ရာသီမှာ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက်  ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး လီဝန်ဒေါ့စကီးအနေနဲ့ ဒီစံချိန်ကိုလိုက်မီဖို့ ၄ ဂိုးသာ လိုအပ်တော့တာပဲဖြစ်ပါတယ်။  ဒါပေမယ့် ၃၁ နှစ်သားတိုက်စစ်မှူးကြီး ကတော့ ပုဂ္ဂိုလ်ရေးစံချိန်တွေထက် အသင်းကို နောက်တစ်ဆင့်တက်အောင် ကြိုးစားပေးဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ပြောပါတယ်။  ဘိုင်ယန်အသင်းဟာ တစ်ကျော့တည်းကျင်းပမယ့် ကွာတားဖိုင်နယ်အဆင့်မှာ ဘာစီလို  နာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  “ကျနော်တို့ နောက်ထပ် ရှုံးထွက်ပွဲစဉ်ရှိနေပါတယ်။ အရေးကြီးဆုံးအရာက ဒီပွဲမှာကောင်းကောင်း ကစားပြီးနောက်တစ်ဆင့်ကို ရောက်ဖို့ပါ။ နောက်တစ်ဆင့်ကိုတက်ဖို့ဆိုရင် ကျနော်တို့ဟာ ဘာစီလိုနာထက်  ပိုကောင်းတဲ့အသင်းဖြစ်ကြောင်း ပြဖို့လိုအပ်ပါတယ်။ ဘာစီလိုနာအသင်းက တကယ့်ကိုအန္တရာယ်ရှိပြီး ကစားပုံကောင်းမွန်တဲ့အသင်းပါ” လို့ လီဝန်ဒေါ့စကီးက ပြောပါတယ်။  ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ လီဝန်ဒေါ့စကီးဟာ ဘိုင်ယန်အသင်းရရှိခဲ့တဲ့ ၄ ဂိုးလုံးနဲ့ တိုက်ရိုက်ပတ်သတ်မှုရှိခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်က ဒီရလဒ်အတွက် လီဝန်ဒေါ့စကီးအပါအဝင် တစ်သင်းလုံးကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။  “လီဝန်ဒေါ့စကီးက ၂ ဂိုးသွင်းခဲ့ပါတယ်။ ဒါ့ ကြောင့် သူဟာ ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲဆိုတာကို ပြောနေဖို့ မလိုတော့ပါဘူး။ ဒီရလဒ်ဟာ  ကျနော်တို့ရဲ့ အသင်းလိုက်စုဖွဲ့မှုကို ပြသလိုက်တာပါပဲ။” ချန်ပီယံလိဂ်သွင်းဂိုး ၂ ဂိုးကြောင့် လီဝန်ဒေါ့စကီးရဲ့ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်ဟာ ၅၃ ဂိုးအထိ  ရှိလာပြီဖြစ်ပါတယ်။ လီဝန်ဒေါစ့ကီးဟာ ၂၀၁၉-၂၀ ဘောလုံးရာသီအတွင်း ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂိုးအများဆုံးသွင်းယူးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။   
1 year Ago
Up