လိုက်ဘေးရီးယား

September 19, 2019

လိုက်ဘေးရီးယားတွင် စာသင်ကျောင်း မီးလောင်၊ ကလေးငယ် ၂၇ ယောက်ထက်မနည်းသေဆုံး

လိုက်ဘေးရီးယားနိုင်ငံက အစ္စလာမ်မစ် စာသင်ကျောင်းမှာ မီးလောင်လို့ ကလေးငယ်၂၇ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။ ကလေးတွေ စာသင်နေတဲ့ အချိန်မှာ  လျှပ်စစ်ချို့ယွင်းမှုကြောင့် မီးထလောင်ခဲ့ တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ မိုးဆက် ကာတာက ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက်က မြို့တော် မွန်ရိုဗီယာရဲ့ စာသင်ကျောင်းတစ်ခုမှာ မီးလောင်ခဲ့တာမှာ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်ကို ဆေးရုံ ပို့ပေးခဲ့ ပါတယ်။  မီးလောင်မှုအတွင်း သေဆုံးသွားတဲ့ ကလေးငယ်တွေ၊ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်း လိုက်ဘေးရီးယား သမ္မတ ဂျော့ဂျ်ဝီးယာက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။  အနောက်အာဖရိကဒေသမှာ တည်ရှိတဲ့ လိုက်ဘေးရီးယားနိုင်ငံက မြို့ကြီးတွေမှာ လျှပ်စစ်ချို့ယွင်းမှုနဲ့ ဆက်စပ်တဲ့ မီးလောင်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပေမယ့် အခုလို လူသေဆုံးတာကတော့ ရှားပါတယ်။ ================== လိုက္ေဘးရီးယားတြင္ စာသင္ေက်ာင္း မီးေလာင္၊ ကေလးငယ္ ၂၇ ေယာက္ထက္မနည္းေသဆုံး DVB လိုက္ေဘးရီးယားႏိုင္ငံက အစၥလာမ္မစ္ စာသင္ေက်ာင္းမွာ မီးေလာင္လို႔ ကေလးငယ္၂၇ ေယာက္ထက္ မနည္း ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က စက္တင္ဘာ ၁၈ ရက္ေန႔မွာ ေျပာပါတယ္။ ကေလးေတြ စာသင္ေနတဲ့ အခ်ိန္မွာ  လွ်ပ္စစ္ခ်ိဳ႕ယြင္းမႈေၾကာင့္ မီးထေလာင္ခဲ့ တာျဖစ္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ဆက္လုပ္ေနတယ္လို႔ ရဲတပ္ဖြဲ႕ ေျပာခြင့္ရ မိုးဆက္ ကာတာက ေျပာပါတယ္။ စက္တင္ဘာ ၁၇ ရက္က ၿမိဳ႕ေတာ္ မြန္႐ိုဗီယာရဲ႕ စာသင္ေက်ာင္းတစ္ခုမွာ မီးေလာင္ခဲ့တာမွာ အသက္ရွင္က်န္ခဲ့တဲ့ ကေလးႏွစ္ေယာက္ကို ေဆး႐ုံ ပို႔ေပးခဲ့ ပါတယ္။ မီးေလာင္မႈအတြင္း ေသဆုံးသြားတဲ့ ကေလးငယ္ေတြ၊ က်န္ရစ္သူမိသားစုေတြနဲ႔ ထပ္တူ ဝမ္းနည္းရေၾကာင္း လိုက္ေဘးရီးယား သမၼတ ေဂ်ာ့ဂ်္ဝီးယာက သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္။ အေနာက္အာဖရိကေဒသမွာ တည္ရွိတဲ့ လိုက္ေဘးရီးယားႏိုင္ငံက ၿမိဳ႕ႀကီးေတြမွာ လွ်ပ္စစ္ခ်ိဳ႕ယြင္းမႈနဲ႔ ဆက္စပ္တဲ့ မီးေလာင္မႈေတြ မၾကာခဏ ျဖစ္ေလ့ရွိေပမယ့္ အခုလို လူေသဆုံးတာကေတာ့ ရွားပါတယ္။
2 years Ago
Up