လိုက်ပ်ဇစ်အသင်း

March 3, 2020

ဂျပန်လူမျိုး ၂၀ လောက်ကို နှင်ထုတ်ခဲ့ရသဖြင့် လိုက်ပ်ဇစ်အသင်း တောင်းပန်

ကွင်းအတွင်း ဘောလုံးပွဲကြည့်ဖို့ လာရောက်ခဲ့တဲ့ ဂျပန်လူမျိုး အယောက် ၂၀ လောက်ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နှင်ထုတ်ခဲ့ရတာကြောင့် ရက်ဘူးလ်လိုက်ပ်ဇစ် အသင်းက တောင်းပန်လိုက်ပါတယ်။ လေဗာကူဆင်အသင်းနဲ့ တဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ လိုက်ပ်ဇစ်ကွင်းထဲကို ဂျပန်လူမျိုး အယောက် ၂၀ လောက် လာရောက်အားပေးခဲ့ကြပေမယ့် ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်လာမှာ စိုးရိမ်တာကြောင့် စိတ်မကောင်းစွာနဲ့ အိမ်ပြန်ခိုင်းခဲ့တယ်လို့ အသင်းဘက်က ပြောပါတယ်။ ဒါ့အပြင် အဲဒီလို နှင်ထုတ်ခံခဲ့ရသူတွေအတွက် အသင်းရဲ့ပွဲစဉ်‌တွေအတွက် ပြန်လည် ဖိတ်ကြားသွားမှာ ဖြစ်ကြောင်း ကြေညာချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
1 year Ago
Up