လိုက်ဇစ်သင်း

January 4, 2020

အာဆင်နယ်ပစ်မှတ်ကို ဈေးသတ်မှတ်လိုက်သည့် လိုက်ဇစ်

အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့နောက်ခံလူ ဒါယော့ အူပါမီကာနိုကို ပေါင်သန်း ၇၀ အောက်နဲ့ ရောင်းချမှာမဟုတ်ကြောင်း လိုက်ဇစ်သင်းက ထုတ်ပြန်ခဲ့တယ်လို့ Metro သတင်းမှာဖော်ပြပါတယ်။  အားထားရတဲ့ နောက်ခံလူ ချိန်ဘာ့စ် ဒဏ်ရာမရခင်ကတည်းက နောက်တန်းကို အားဖြည့်ဖို့ကြိုးစားနေတဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း အူပါမီကာနိုကို ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပေမယ့် လိုက်ဇစ်ဘက်ကတော့ သူတို့ရဲ့ပေါင် သန်း ၇၀ တန် နောက်ခံလူအတွက် ဈေးလျော့ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။  နည်းပြသစ် အာတီတာလက်ထက်မှာလည်း ဒီနောက်ခံလူကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားခဲ့တာဖြစ်ပြီး လိုက်ဇစ်ဘက်က  တောင်းတဲ့ဈေးကို ပေးမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းလာပါတယ်။  လိုက်ဇစ်အသင်းနဲ့ အူပါမီကာနိုတိုရဲ့စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် အာဆင်နယ်အသင်းကတော့ ပေါင်သန်း ၇၀ အသုံးမပြုချင်ဘူးဆိုရင် စာချုပ်ကုန်ဆုံးဖို့ နည်းကပ်လာတဲ့အချိန်မှာမှ ဈေးသက်သက်သာသာနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာနိုင်ဖွယ်ရှိနေပါတယ်။  ဒါပေမယ့် အာဆင်နယ်ဘက်က ဒီရာသီမကုန်ခင်အထိ ရေတိုအသုံးပြုနိုင်အောင် ဈေး သက်သာမယ့် နောက်ခံလူတဦး ရှာဖွေနေတယ်လို့ သတင်းတွေမှာဖော်ပြနေကြပြီး အဲ့ဒီထဲမှာ ဖြစ်နိုင် ဖို့ အရှိဆုံးကတော့ ဘုန်းမောက်နောက်လံလူ နာသန်အကီနဲ့ ဘိုင်ယန်နောက်ခံလူ ဂျရိုမီ ဘိုတန်တို့ပဲ ဖြစ်ပါတယ်။  အသက် ၃၁ နှစ်အရွယ် ဂျရိုမီဘိုတန်ကိုခေါ်ယူဖို့ဆိုရင် အာဆင်နယ်အသင်းအတွက် အဆင်ပြေနိုင်စရာ ရှိပေမယ့် နာကီအကီအတွက်ဆိုရင်တော့ ဂန်နားတို့ဟာ ချဲလ်ဆီး၊ မန်စီတီး၊ စပါး၊ အဲ့ဗာတန် စတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။  လက်ရှိအချိန်အထိ အသက် ၂၄ နှစ်အရွယ် နယ်သာလန်ကစားဖို့ခေါ်ယူဖို့  ရေပန်းအစားဆုံးကတော့ အသင်းဟောင်းချဲလ်ဆီးအသင်းဖြစ်ပြီး ချဲလ်ဆီးတို့ဟာ  အကီကို ရောင်းချစဉ်ကတည်းက ပြန်လည်ခေါ်ယူခွင့်စာချုပ်ကို ထည့်သွင်းချုပ်ဆိုထားခဲ့တာပဲဖြစ်ပါတယ်။  ချဲလ်ဆီးဟာ အကီကို ပြန်လည်ခေါ်ယူဖို့အတွက် ပေါင်သန်း ၄၀ အသုံးပြုရမှာဖြစ်ပြီး အာဆင်နယ်အသင်းနေနဲ့ အဲ့ဒီဈေးနှုန်းကို ပေးနိုင်မယ်ဆိုရင် အကီအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပဲဖြစ်ပါတယ်။
2 years Ago
Up