လိုက်ဇစ်နည်းပြဟောင်း

November 8, 2019

လိုက်ဇစ်နည်းပြဟောင်းကို အားကစားဒါရိုက်တာရာထူးခန့်ရန် မန်ယူနိုက်တက် ဆွေးနွေး

မန်ယူနိုက်တက်သင်းဟာ အားကစားဒါရိုက်တာရာထူးအတွက် လိုက်ဇစ်နည်းပြဟောင်း ရမ်နစ်ခ်ကို ခန့်အပ်ဖို့ ဆွေးနွေးတော့မယ်လို့ သိရပါတယ်။  အသက် ၆၁  နှစ်ရှိ ရမ်နစ်ခ်ဟာ လက်ရှိအချိန် ရတ်ဘူးလ်ရဲ့ အားကစားနဲ့ ဖွံ့ဖြိုးရေး အရာရှိချုပ်အဖြစ် တာဝန်ယူနေတာဖြစ်ပါတယ်။ မန်ယူအသင်း အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဟာ  အခုတပတ်အတွင်းမှာပဲ ရမ်နစ်ခ်ကို ခေါ်ယူဖို့အတွက် တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။  မန်ယူအသင်းဟာ အားကစားဒါရိုက်တာရာထူးကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ခန့်အပ်ဖို့ စီစဉ်ထားတာပါ။  လက်ရှိအချိန်မှာတော့ လိုက်ဇစ်နဲ့ဆဲလ်ဘက်အသင်းတွေလို ရက်ဘူးလ်ကုမ္ပဏီရဲ့ လက်အောက်က ကလပ်အသင်းတွေရဲ့ တိုးတက်လာတဲ့ခြေစွမ်းကြောင့် ရမ်နစ်ခ်ကို နံပါတ်တစ်ပစ်မှတ်အဖြစ် ခေါ်ယူဖို့ မန်ယူအသင်းက ကြိုးပမ်းနေတာဖြစ်ပါတယ်။
2 years Ago
Up