တီမိုဝါနာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လိုက်ဇစ်အသင်းစီမံခန့်ခွဲမှုဒါရိုက်တာက ငြင်းဆန်လိုက်ပါတယ်။
ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ ချဲလ်ဆီးအသင်းဆီကို စာချုပ်ပါလျော်ကြေး ပေါင် ၅၃ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ သတင်းတွေထွက်ပေါ်တာကြောင့် ဝါနာဟာ လိုက်ဇစ် ကစားသမားတဦးဖြစ်ပြီး ရောင်းချခြင်း မပြုလုပ်ရသေးကြောင်း လိုက်ဇစ်ဒါရိုက်တာ အိုလီဗာမင်ဇ်လက်ဖ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ တီမိုဝါနာဟာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ အလုပ်ရှုပ်ခဲ့ တယ်ဆိုတာ မှန်ကန်ပေမယ့် ဘာတခုမှ ဆုံးဖြတ်ချက်မချရသေးဘူးလို့လည်း ပြောပါတယ်။
ဝါနာနဲ့ စာချုပ်ထဲမှာ သူ့ကို အခွင့်အရေးပေးတဲ့အနေနဲ့ စာချုပ်ဖျက်သိမ်းကြေးတစ်ခု ပါဝင် တယ်ဆိုတာကိုတော့ လိုက်ဇစ် ဒါရိုက်တာက ဝန်ခံခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူး တီမိုဝါနာဟာ ဂျာမန်လိဂ် ၂၉ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြနေပါတယ်။
9 months Ago