လိုက်ဇစ်

January 10, 2021

၅ ပွဲဆက်ဂိုးမပေးခဲ့ရသည့် လိုက်ဇစ်ကို ဟာလန်းနှင့် ဆန်ချိုတို့၏ ဂိုးများဖြင့် ဒေါ့မွန်အနိုင်ရ

မနေ့ညက ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းက  တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးတွေနဲ့အတူ လိုက်ဇစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။  နောက်ဆုံး ၅ ပွဲ ဆက်တိုက် ဂိုးမပေးခဲ့ရတဲ့ လိုက်ဇစ်အသင်းဟာ ဒုတိယပိုင်းအရောက်မှာ ဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။  ဒုတိယပိုင်း ၅၅ မိနစ်မှာ ဆန်ချိုက ဒေါ့မွန်အတွက် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး  ပွဲချိန် ၇၁ မိနစ်နဲ့ ၈၄ မိနစ် တွေမှာ တိုက်စစ်မှူးဟာလန်းက ၂ ဂိုးဆက်သွင်းခဲ့တာပါ။  လိုက်ဇစ်အတွက် ချေပဂိုးကိုတော့ ပွဲချိန်မိနစ် ၉၀ ရောက်မှာ ဆိုလော့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဇယားထိပ်ဆုံးက ဘိုင်ယန်နဲ့ လိုက်ဇစ်တို့ အမှတ်မရတဲ့အချိန်မှာ ဒေါ့မွန်အသင်းက အဆင့် ၄ နေရာကနေ ဖိအား ပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအတွက်တော့ ဘွန်ဒက်စ်လီဂါ ၁၀ ပွဲမှာပဲ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။  
8 months Ago

December 31, 2020

လိုက်ဇစ်အသင်းခေါင်းဆောင် ဆာဘစ်ဇာကို ခေါ်ရန် စပါး စိတ်ဝင်စား

စပါးအသင်းဟာ လိုက်ဇစ်ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပေါင် ၄၅ သန်း တန်ကြေးရှိ ဆာဘစ်ဇာဟာ လိုက်ဇစ်မှာ ခြေစွမ်းပြနေပြီး ကလပ်အသင်း တချို့က စိတ်ဝင်စားနေကြောင်း အသင်းအားကစားဒါရိုက်တာ ခရော့ချီက ပြောပါတယ်။  အသက်၂၆ နှစ်ရှိ သြစတြီးယားကွင်းလယ်လူ ဆာဘစ်ဇာဟာ ၂၀၂၂ ခုနှစ်မှာ စာချုပ် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လာမယ့်ရာသီမတိုင်ခင် ရောင်းချနိုင်မှ ပြောင်းရွှေ့ကြေးပိုမို ရရှိနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။  အခုနှစ်ရာသီကုန်အထိ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှာ မဟုတ်သေးဘဲ ရာသီ အကုန်ရောက်မှ လက်ခံစဉ်းစားသွားမယ်လို့ အသင်းအားကစားဒါရိုက်တာ ခရော့ချီက အတည်ပြုခဲ့ ပါတယ်။ 
9 months Ago
More News
Up