လိုက်ထရပ်ကားတစီးမီးလောင်

April 8, 2017

မုံရွာမြို့ ကမ်းနားလမ်းတွင် လိုက်ထရပ်ကားတစီးမီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ကမ်းနားလမ်းမှာ ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီကျော်က လိုက်ထရပ်ကားတစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါကားဟာ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ကားဖြစ်ကြောင်းသိရပြီး ပြုပြင်ဖို့အတွက် ကားတစီးက ကြိုးနဲ့ထိန်းပြီး ဆွဲလာခဲ့ရာက ယာဉ်ရဲ့ ဝဲဘက်ဘရိတ်ရှူးနဲ့ငြိပြီး အပူလွန်ကဲရာက အခုလို မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို မြို့နယ်မီးသတ်အဖွဲ့နဲ့ ဘေးပတ်ဝန်းကျင်ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ရှေ့ဝဲဘက်ဘီးတာယာနဲ့ ထိုင်ခုံအမိုးများ မီးလောင်သွားခဲ့တဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ၂ သိန်းကျပ် လောက်ရှိတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ မီးလောင်မှုကြောင့် လူအသေပျောက်တော့ မရှိခဲ့ပါဘူး။ ယာဉ်မောင်းသူမှာ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဝဏ္ဏဘို ဆိုသူဖြစ်ပြီး အခုလို ကားမီးလောင်မှုကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ရန်နိုင်စိုး
4 years Ago
Up