လိမ်လည်တိုင်ကြား

A d v e r t i s e m e n t With Us

January 9, 2021

ငွေအလုခံရကြောင်း မကွေးနယ်မြေရဲစခန်းတွင် လိမ်လည်တိုင်ကြားခဲ့သူကို အမှုဖွင့်

ငွေအလုခံရကြောင်း မကွေးနယ်မြေရဲစခန်းမှာ လိမ်လည်တိုင်ကြားခဲ့သူကို ကုမ္ပဏီ ငွေအလွဲသုံးစားမှုနဲ့ ဇန်နဝါရီလ ၈ ရက်နေ့ညက အမှုဖွင့်ထားတယ်လို့ မကွေးနယ်မြေရဲစခန်းတာဝန်ရှိသူ ပြောပါတယ်။ မကွေးနယ်မြေရဲစခန်းမှူး ရဲအုပ်သန့်ဇင်ထွန်းက “ကုမ္ပဏီအရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဇင်ကိုဦးက သူက ငွေတွေအလုခံရတယ်ဆိုပြီး ဇန်နဝါရီ ၆ ရက်နေ့က မကွေးနယ်မြေ ရဲစခန်းကို တိုင်ကြားခဲ့ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ ငွေအလွဲသုံးစားပြုလုပ်မှု ပေါ်ပေါက်ခဲ့တာ” လို့ပြောပါတယ်။ အဲဒီ ကုမ္ပဏီဝန်ထမ်းဟာ ပိုက်ဆံ သိန်း ၃၀ လောက်ကို ဆိုင်ကယ် ၂ စီးနဲ့ လူငါးယောက်က လုယက်ခဲ့တယ်ဆိုပြီး လာရောက်တိုင်ကြားချက်အရ CCTV မှတ်တမ်းတွေ၊ ငွေထုတ်တဲ့ ဘဏ်တွေကို လိုက်လံစစ်ဆေးတဲ့အခါမှာ အထောက်ထားမတွေ့ရဘဲ တရားလိုကနေ တရားခံဖြစ်သွားတာလို့ ဆိုပါတယ်။ CENTURY BEVERAGE ကုမ္ပဏီရဲ့ အရောင်းကြီးကြပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ကုမ္ပဏီအရောင်းဝန်ထမ်း ဇင်ကိုဦးကို ကုမ္ပဏီငွေ ၂၉ သိန်းလောက် (၂၈၉၅၂၆၉ ကျပ်) အလွဲသုံးစားပြုလုပ်မှုနဲ့ တိုင်ကြားတဲ့အတွက် မကွေးနယ်မြေရဲစခန်းမှာ ငွေအလွဲသုံးစားမှု ရာဇသတ်ကြီးပုဒ်မ ၄၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ မင်းထီး
2 months Ago
Up