လိပ်တကောင်လုံးကို ဝါးမျိုစားသောက်ရန် ကြိုးစားခဲ့သည့် မိကျောင်းကြီး

February 24, 2017

လိပ်တကောင်လုံးကို ဝါးမျိုစားသောက်ရန် ကြိုးစားခဲ့သည့် မိကျောင်းကြီး (ရုပ်သံ)

မိကျောင်းတွေဟာ သွေးအေးရက်စက်တဲ့ သတ္တဝါတွေဖြစ်ပြီး သားကောင်ကို သတ်ဖြတ်စားသောက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ သတ္တဝါအမျိုးအစားတွေပါ။ သူတို့ဟာ ကုန်းနေရေနေ သတ္တဝါတွေဖြစ်ပြီး များသောအားဖြင့်တော့ ရေထဲက တခြား ပိုမိုသေးငယ်တဲ့ သတ္တဝါတွေကို သတ်ဖြတ်စားသောက်လေ့ ရှိကြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လိပ်တကောင်လုံးကို ဝါးမျိုစားသောက်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်မိကျောင်းတကောင်ကို တွေ့ရမှာပါ။ ဒီအဖြစ်အပျက်ဟာ ဖလော်ရီဒါပြည်နယ် အနောက်တောင်ပိုင်း၊ ဖာကာဟက်ချီ သဘာဝဘေးမဲ့ဥယျာဉ်တွင်းမှာ ဖြစ်ခဲ့တာပါ။ မိကျောင်းကြီးဟာ လိပ်ကို ပါးစပ်နဲ့ ကိုက်ချီထားခဲ့ပြီး မျိုချနိုင်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အခွံမာတဲ့လိပ်ဟာ မိကျောင်းကြီးရဲ့ သွားတွေကြား ရှိနေခဲ့ကာ အလွယ်တကူ မျိုမချနိုင်ဘဲ ရှိနေခဲ့တာပါ။ လိပ်ကတော့ ပါးစပ်တွင်း အစွယ်တွေကြားမှာ ယက်ကန်ယက်ကန်နဲ့ မလှုပ်ရှားနိုင်ဘဲ ရှိနေခဲ့တာကို တွေ့ရပါတယ်။ မိကျောင်းကြီးဟာ လိပ်ကို တကယ်ပဲ ဝါးမျိုနိုင်မလား၊ လက်လျှော့လိုက်ရမလား ဆိုတာကိုတော့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကြည့်ရှုနိုင်ပါတယ်။
4 years Ago
Up