လိပ်

March 5, 2019

ဖိလစ်ပိုင်လေဆိပ်တွင် မှောင်ခိုသွင်းလာသည့် လိပ်ကောင်ရေ ၁၅၀၀ ကျော် ဖမ်းမိ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် နိုင်ငံတကာလေဆိပ်မှာ လာမယူတဲ့ ခရီးဆောင်အိတ်အတွင်း တိပ်တွေနဲ့ ရစ်ပတ်ထားပြီး မှောင်ခိုသွင်းလာတဲ့ လိပ်ကောင်ရေ ၁၅၀၀ ကျော်ကို ဖိလစ်ပိုင်အာဏာပိုင်တွေက မတ်လ ၃ ရက်နေ့မှာ သိမ်းဆည်းရမိခဲ့ပါတယ်။ ဟောင်ကောင်ကနေ လေယာဉ်စီးလာတဲ့ ဖိလစ်ပိုင်ခရီးသည်တယောက် ပိုင်ဆိုင်တဲ့ ခရီးဆောင်အိတ်ကို လေဆိပ်ရဲ့ ဆိုက်ရောက်ခရီးသည်ခန်းမမှာ တွေ့ခဲ့တာပါ။ အိတ်ရဲ့ အစိတ်အပိုင်း လေးခုထဲကနေ လိပ်ကောင်ရေ ၁၅၂၉ တွေ့ခဲ့တယ်လို့ အကောက်ခွန်အရာရှိတွေက ပြောပါတယ်။ ရှာတွေ့တဲ့ လိပ်တွေထဲမှာ ရှားပါး မျိုးသုဉ်းလုနီး မျိုးစိတ်တွေဖြစ်တဲ့ ကြယ်လိပ်၊ ခြေနီလိပ်၊ နားနီလိပ်နဲ့ စူလ်ကာတာလိပ်တွေကို တွေ့ရတယ်လို့ သူတို့က ပြောပါတယ်။ ဖိလစ်ပိုင်ဥပဒေအရ သားရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ကုန်သွယ်ရင် ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၃၇၀၀ နဲ့ညီတဲ့ ဖိလစ်ပိုင် ပီဆိုငွေ ၂ သိန်း စီရင်လေ့ရှိပါတယ်။ လိပ်တွေကို ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင်ဗျူရိုရဲ့ သားရိုင်းစောင့်ကြည့်ရေး ဌာနဆီ လွှဲပေးခဲ့ပါတယ်။
2 years Ago

October 19, 2017

ပီရူးတွင် မျိုးသုန်းပျောက်ကွယ်တော့မည့် တာရီကာယာလိပ် ထောင်ချီ ဘေးမဲ့လွှတ်

မျိုးသုန်းပျောက်ကွယ်တော့မယ့် တာရီကာယာ (Taricaya) လိပ်အကောင်ပေါင်း ထောင်နဲ့ချီကို အောက်တိုဘာ ၁၇ ရက်နေ့က ပီရူးနိုင်ငံ အမေဇုန်ဒေသမှာ ဘေးမဲ့လွှတ်ခဲ့ကြပါတယ်။ အဲဒီလို ဘေးမဲ့လွှတ်တာဟာ ရှားပါးမျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ကြိုးပမ်းမှု တစိတ်တဒေသပဲ ဖြစ်ပါတယ်။ အမျိုးသား သဘာဝဒေသများ ထိန်းသိမ်းရေးအဖွဲ့ ဝန်ထမ်းတွေဟာ လိပ်ပေါက်ကောင်ရေ ၅၀၀၀ လောက် လွှတ်ပေးခဲ့ကြတာပါ။ အဲဒီ တာရီကာယာ လိပ်ဥတွေကို ကမ်းခြေတွေကနေ ကောက်ယူပြီး ဥဖောက်ယူခဲ့တာ ဖြစ်ပါတယ်။ တာရီကာယာလိပ်တွေဟာ တခါက အမေဇုန်ဒေသမှာ အများအပြား ရှိခဲ့ပေမယ့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သစ်ခုတ်မှုတွေကြောင့် လိပ်ကောင်ရေ လျော့ပါးလာခဲ့ပါတယ်။ ပီရူး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက “ဒီလို ဘေးမဲ့လွှတ်တာဟာ လိပ်ကောင်ရေကို ထိန်းသိမ်းတာတင်မကဘဲ ပိုမိုကောင်းမွန်တဲ့ သဘာဝရင်းမြစ်တွေနဲ့ ထိတွေခွင့်ရအောင် လုပ်ပေးတာဖြစ်ပါတယ်။ သူတို့ရဲ့ နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up