လိဒ်အသင်း

A d v e r t i s e m e n t With Us

April 8, 2016

လိဒ်အသင်း မန်နေဂျင်းဒါရိုက်တာဟောင်း ဒူဘိုင်းအကျဉ်းထောင်တွင် အရိုက်ခံရ

အင်္ဂလန်ချန်ပီယံရှစ်က လိဒ်ယူနိုက်တက်အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာဟောင်း ဒေးဗစ်ဟိုင်က ယူအေအီးနိုင်ငံ ဒူဘိုင်းအကျဉ်းထောင်မှာ မတော်တရော် ဆက်ဆံခံရပြီး အရိုက်ခံရတယ်လို့ ပြောပါတယ်။ လိမ်လည်မှု၊ ငွေကြေးမတော်မရော်လုပ်ဆောင်မှု၊ ဆိုင်ဘာရာဇ၀တ်မှုတွေနဲ့ အရင်လ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီးတဲ့ နောက်ပိုင်း အကျဉ်းထောင်ထဲမှာ အနိုင်ကျင့်မှုတွေ အမြောက်အမြားရှိတယ်လို့ သူက ဘီဘီစီသတင်းကို ပြောပါတယ်။ ဒူဘိုင်းမှာ ၂၃ လ အကျဉ်းကျခံရစဉ် လျှပ်စစ်ကိရိယာနဲ့ တို့ထိခံရသလို အရိုက်နှက် ခြိမ်းခြောက်ခံရတယ်လို့ ဆိုပါတယ်။ ဒူဘိုင်းအာဏာပိုင်တွေကတော့ ဒီစွဲချက်အပေါ် တစုံတရာ မှတ်ချက်ပေးခဲ့ခြင်း မရှိပါဘူး။ ဒေးဗစ်ဟိုင်ဟာ ၂၀၁၄ ခုနှစ် မေ ၂၄ ရက်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး သူကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
5 years Ago
Up