လိစ်ယူနိုက်တက်

January 7, 2020

အက်ဖ်အေဖလားတွင် အာဆင်နယ်က လိစ်ယူနိုက်တက်ကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲမှာ အာဆင်နယ်က လိစ်ယူနိုက်တက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။  အာဆင်နယ်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်မှာ နယ်လ်ဆန်က သွင်းယူခဲ့တာပါ။ နည်းပြသစ် အာတီတာရဲ့ အာဆင်နယ်အသင်း ပြီးခဲ့ရက်ပိုင်းက အင်္ဂလန် ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် မန်ယူနိုက်တက်ကို အနိုင်ယူခဲ့ပြီး အက်ဖ်အေဖလားမှာလည်း ထပ်မံအနိုင်ရခဲ့တာပါ။ အာဆင်နယ်အသင်း အက်ဖ်အေဖလားပြိုင်ပွဲ နောက်တဆင့်မှာတော့ ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပါ။ အက်ဖ်အေဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေဖြစ်တဲ့ လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီးတို့ အသီးသီး အနိုင်ရရှိခဲ့ပြီး မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ကတော့ သရေကျခဲ့လို့ ပြန်ကစားကြရမှာ ဖြစ်ပါတယ်။
2 years Ago
Up