လိင်အကြမ်းဖက်မှု

March 5, 2020

လိင်အကြမ်းဖက်မှုရပ်တန့်ရေး မက္ကဆီကိုအမျိုးသမီးများ အပြင်မထွက်ဘဲ ဆန္ဒပြမည်

လိင်ကွဲပြားမှုအခြေပြု အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက်  မတ် ၉ ရက်မှာ တနိုင်ငံလုံး အမျိုးသမီးတွေ အပြင်မထွက်ဘဲ ဆန္ဒပြကြဖို့ မက္ကဆီကို ဣတ္ထိယဝါဒီများအဖွဲ့တခုက  လှုံ့ဆော်တိုက်တွန်း လိုက်ပါတယ်။  မတ် ၈ ရက်မှာကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့အပြီး နောက်တနေ့မှာ အမျိုးသမီးတွေအနေနဲ့ အလုပ်မသွားဖို့၊ လမ်းတွေပေါ်သွားလာတာ မပြုဖို့နဲ့ ဈေးဝယ်ထွက်တာတွေလည်း မလုပ်ဖို့ ဘရူဂျတ်စ် ဒဲလ်မာလို့ ခေါ်တဲ့  ပင်လယ်စုန်းမများ တပ်ပေါင်း စု အဖွဲ့က လူမှုကွန်ရက်တွေကနေ နှိုးဆော်နေတာပါ ။  သူတို့ရဲ့နှိုးဆော်မှုကို "A Day Without Us" “ငါတို့မပါတဲ့နေ့”လို့ ရေးထားတဲ့ ဟတ်ရှ်တတ်ဂ်နဲ့ လူမှုကွန်ရက် တွေပေါ်မှာ  ဖြန့်ချိနေပါတယ်။  ဒီပြည်လုံးကျွတ်ဆင်နွဲမယ့်ဆန္ဒပြမှုမှာ အမျိုးသမီးတွေပါဝင်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေ ၊ အစိုးရဌာနတချို့၊ ကျောင်းတွေနဲ့ တိုင်းရင်းသားလူနည်းစုအဖွဲ့တွေကလည်း ထောက်ခံအားပေး ထားပါတယ်။   မကြာမီက မက္ကဆီကိုနိုင်ငံတွင်းမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကို သူ့ရဲ့ ချစ်သူက စွပ်စွဲသတ်ဖြတ်ခဲ့တာနဲ့ ခုနှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို  စာသင်ကျောင်းကနေ ခေါ်ယူသွားပြီး သတ်ဖြတ်ခဲ့တာတွေကြောင့် ဆန္ဒပြပွဲတွေ ပိုအရှိန်မြင့်တက်ခဲ့တယ်။   မက္ကဆီကိုနိုင်ငံမှာ အစိုးရထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရ နေ့စဉ်အမျိုးသမီး ၁၀ ယောက်နှုန်း သတ်ဖြတ်ခံနေရသလို  ကလေး ၄ ဦးနှုန်း ပျောက်ဆုံးနေပါတယ်။ 
1 year Ago
Up