လိင်လုပ်သားများ

A d v e r t i s e m e n t With Us

March 25, 2020

ညမထွက်ရအမိန့် ထုတ်ပြန်ချက် ဘိုလီးဗီးယား လိင်လုပ်သားများ ဆန္ဒပြ

ဘိုလီးဗီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့ကျရေး သမ္မတက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို လိင်လုပ်သားတွေက ဆန့်ကျင် ဆန္ဒပြနေပါတယ်။ အစိုးရက ညနေ ငါးနာရီကနေ မနက် ငါးနာရီကြား အပြင်မထွက်ရ အမိန့်ထုတ်အပြီး မြို့တော် လာပဲ့ဇ်အနားက အယ်လ်အော်တိုမြို့အတွင်း ရပ်ကွက်တခုမှာ ဖွင့်ထားတဲ့ လိုင်စင်ရ လုပ်ငန်း ၅၀ ကျော်ကို ဖိအားပေး ပိတ်ပစ်ခဲ့ပါတယ်။ လိင်လုပ်သားတယောက်ကတော့ သူ့မှာ ကလေး ၃ ယောက်ရှိပြီး နေ့ဘက် ကလေးထိန်းရင်း ညဘက်မှာ အလုပ်လုပ်ရတယ်လို့ ပြောပါတယ်။ ပြည့်တန်ဆာလုပ်ငန်းဟာ ဘိုလီးဗီးယားနိုင်ငံမှာ တရားဝင် လုပ်ငန်းတရပ်ပါ။ ဘိုလီးဗီးယား လိင်လုပ်သားသမဂ္ဂကိုယ်စားလှယ် လီလီကားတက်စ်ကတော့ တရားဝင်လုပ်ငန်းတွေ မဆောင်ရွက်နိုင်ရင် လမ်းပေါ်ထွက် အလုပ်လုပ်ကြမှာကြောင့် ရလဒ်က ပိုဆိုးမယ်လို့ ပြောပါတယ်။ “ကျမတို့ဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုပါ။ အခုတော့ လိင်လုပ်သားတွေ အလုပ်ချိန်အတွက် စိုးရိမ်နေရပြီ။”   ဘိုလီးဗီးယားနိုင်ငံမှာ စီးပွားရေး လုပ်ငန်းအများစုကို ပိတ်ထားရတာ မတ်လ ၂၂ ရက်မှာ ၁၄ ရက် ပြည့်ပါပြီ။ အမေရိကတိုက်မှာ အဆင်းရဲဆုံး တနိုင်ငံဖြစ်တဲ့ ဘိုလီးဗီးယားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂၉ ယောက် ရှိပြီလို့ သိရပါတယ်။
11 months Ago
Up