လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု

June 14, 2020

ပုသိမ် အထည်ချုပ်စက်ရုံတခုက အလုပ်သမအချို့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရဟုဆို

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ Amava Apparel အထည်ချုပ်စက်ရုံက အလုပ်သမားအချို့ဟာ နိုင်ငံခြားသားပညာရှင်တဦးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေ ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်းက အလုပ်သမား အမျိုးသမီး ၅ ဦး၊ ၆ ဦးလောက်ကို အင်ဒိုနီးရှားနိုင်ငံသား မြန်မာ စကားကိုကျွမ်းကျင်စွာပြောနိုင်သူက နှုတ်နဲ့ရော လက်နဲ့ပါ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေ ပြုလုပ်လာတာကြောင့် ကျူးလွန်ခံရသူတွေထဲက အိမ်ထောင်ရှိ အမျိုးသမီးတဦးက ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ လာရောက်အကူညီတောင်းခံခဲ့တယ်လို့ အလုပ်သမား အချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က ပဋိပက္ခ ဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခက ဒီဗွီဘီကို ပြောပါတယ်။ “လာတိုင်တဲ့ မိန်းကလေးအပါအဝင် စက်ရုံက မိန်းကလေး ၅ ယောက် ၆ ယောက်လောက်ကို သူက ချစ်သူရှိလား ချစ်ခြင်တယ်၊ ချစ်ကျမယ် ဒါမျိုးတွေပြောတယ်၊ နောက်တဆင့်က အမျိုးသမီးတွေရဲ့ ရင်သားနဲ့ အနီးဆုံး ဂျိုင်းသားနေရာတွေကို ပွတ်ဆွဲတာတွေ ကိုင်တာတွေ ပြီးတော့ ပေါင်းရင်းနေရာလောက်ကို သူ့လက်ကရောက်လာပြီးတော့ ပွတ်လိမ်ဆွဲတာမျိုးတွေ လုပ်တယ်လို့ သိရပါတယ်။” ဒါပြင် အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ပညာရှင်ဟာ အလုပ်သမား အမျိုးသမီးတွေကို ရည်းစားရှိလား၊ အိမ်ထောင်ရှိလား မေးမြန်းတာတွေ ပြုလုပ်ပြီး ရှိကြောင်းပြန်ပြောပါက သူနဲ့ ချစ်ရအောင် အဲ့လိုကိစ္စကိုလည်း လူတွေမသိစေနဲ့ ဒါမျိုးတွေ ပြုမှုပြောဆိုတာတွေရှိနေတာကြောင့် မြန်မာအလုပ်သမားတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားမှုကို ကျူးလွန်နေတာ တော်တော်လေးဆိုးရွာတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။ စက်ရုံက အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံသားရဲ့ ပြောဆိုဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာရှိလာလို့ တိုင်ကြားတဲ့သူရော တိုင်ကြားခံရတဲ့သူကိုရော မျက်နှာဆုံးညီတွေ့ဆုံ ရှင်းလင်းတာတွေပြုလုပ်ပေးခဲ့တယ်လို့ Amava Apparel အထည်ချုပ်စက်ရုံ HR မန်နေဂျာ ဒေါ်ကြည်ကြည်လွင်က DVB ကိုပြောပါတယ်။ “ဒီကလေးရဲ့ တိုင်စာကို အဓိကကြည့်တယ်၊ တကယ်ဖြစ်နေသလားဆိုပြီး ခေါ်ယူ ဖြေရှင်းပေး ထားပါတယ်။ အဲဒီလူကိုလည်း အရေးယူ ဆောင်ရွက်ထားပါတယ်။ ဒီလိုပြောတယ်ဆိုတဲ့ ကိစ္စတွေက လိင်ပိုင်းဆိုင်ရာ ပတ်သက်လောက်တဲ့အထိတော့ မဟုတ်ဘူး၊ အဲ့တော့ နောက်ကိုလည်း သူ့ကို လုပ်ငန်းသဘောတရားအရပဲ ပြောရမယ်၊ မသက်ဆိုင်တဲ့ဟာတွေကို မပြောရဘူးဆိုတာကို စာချုပ်ပါအချက်တွေကို ပြသပြီး ဖြေရှင်းပေးထားပါတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်တွင်တော့ အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ပညာရှင်ကို စက်ရုံတာဝန်ရှိသူတွေရဲ့ သဘောထားဆုံးဖြတ်ချက်နဲ့ အရေးယူဆောင်ရွက်ပေးထားပြီး လိင်ပိုင်းဆိုင်ရာလောက်ထိတော့ ပြဿနာက မသွားထားတာကြောင့် လုပ်ငန်းသဘောတရားနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ထားတာတွေ ရှိပါတယ်လို့ ဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ Amava Apparel အထည်ချုပ်စက်ရုံမှာ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း အလားတူဖြစ်စဉ်မျိုးရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇွန်လိုင်လ ၂၉ ရက်နေ့က အလုပ်သမားတွေက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပါတယ်။ Amava Apparel အထည်ချုပ်စက်ရုံကို ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စက်ရုံ ပိုင်ရှင်မှာ သီရိလင်္ကာနိုင်ငံသားတဦးဖြစ်ကာ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှ လာရောက်အလုပ်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား ၁၂ ဦးရှိပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသားကတော့ စက်ရုံကိုရောက်လာတာ ၅ လနီးပါးသာ ရှိသေးတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။ သီရိလင်္ကာနိုင်ငံသားပိုင် Amava Apparel အထည်ချုပ်ဟာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းနေတာဖြစ်ပြီး စက်ရုံမှ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေတဲ့ Kappa, Blak Lader, Lindex, Esmara စတဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာလို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
10 months Ago

August 24, 2019

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ကုလစွပ်စွဲချက် တပ်မတော် လက်မခံ ပယ်ချ

မြန်မာ့တပ်မတော်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေတယ်ဆိုပြီး ကုလအချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘဲ လုံးဝ လက်မခံကြောင်း တပ်မတော်က ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာ သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မတီဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက အခုလို ပြောတာပါ။ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အရင်ကလည်း အစိုးရအဖွဲ့အဘက်က လက်မခံကြောင်း ထုတ်ပြန်ခဲ့သလို မနေ့က ထုတ်ပြန်ချက်နဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက မီဒီယာတွေမှာ ပြန်လည်ဖြေရှင်းထားတယ်လို့ ဆိုပါတယ်။ “တပ်မတော်သားတွေအနေနဲ့ အမျိုးသမီးတွေကို မပြောနဲ့၊ ကိုယ့်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာတောင်မှ တိတိကျကျ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒီလိုမျိုးစွပ်စွဲတာက ခြေခြေမြစ်မြစ်လည်း မရှိ၊ ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသလိုပဲ အခြေအမြစ် မရှိဘူး။ ဒီအပေါ်မှာ ကျွမ်းကျင်သူများဆိုတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ရင် နိုင်ငံတော်အချုပ်အခြာနဲ့ နိုင်ငံတော်ဥပဒေကိုများ မသိကြဘူးလား၊ မလေးစားကြဘူးလား။ ဘာဖြစ်လို့ သူများ ပြောတာတွေကို ဒီလို လုပ်နေတာလည်း၊ ပြောစကားနဲ့တင် ဘာလို့ လုပ်ကြတာလဲ၊ အခုနက ပြောတဲ့ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံအချုပ်အခြာအာဏာနဲ့ တရားဥပဒေနဲ့ ရှိနေတဲ့ကိစ္စမှာ ဝင်ရောက်စွက်ဖက်တဲ့ အခြေအနေမျိုးကတော့ ကျနော်တို့အနေနဲ့ လုံးဝလက်ခံစရာ မရှိပါဘူး” လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။ မြန်မာတပ်မတော်အနေနဲ့ အမျိုးသားတွေ၊ ယောကျာ်းလေးတွေနဲ့ လိင်ပြောင်းထားသူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေတယ်လို့  မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ရေးမစ်ရှင်အဖွဲ့က ဩဂုတ် ၂၂ ရက်က အစီရင်ခံစာထုတ်ပြန် စွပ်စွဲထားတာပါ။ တပ်မတော်သားတွေဟာ အဓမ္မပြုကျင့်မှု၊ အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ တခြား အကြမ်းဖက်မှုတွေအပြင် အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ မိန်းကလေးငယ်တွေ၊ ယောကျ်ားလေးတွေနဲ့ လိင်ပြောင်းထားသူတဲ့သူကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ စနစ်တကျ ပုံမှန်လိုလို ကျူးလွန်ပြီး  နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈ ကုလစြပ္စြဲခ်က္ တပ္မေတာ္ လက္မခံ ပယ္ခ် ျမန္မာ့တပ္မေတာ္က လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ က်ဴးလြန္ေနတယ္ဆိုၿပီး ကုလအခ်က္အလက္ ရွာေဖြေရးမစ္ရွင္ရဲ႕ စြပ္စြဲခ်က္ဟာ အေျခအျမစ္မရွိဘဲ လုံးဝ လက္မခံေၾကာင္း တပ္မေတာ္က ျပန္လည္တုံ႔ျပန္လိုက္ပါတယ္။ ေနျပည္ေတာ္ရွိ တပ္မေတာ္စစ္သမိုင္းျပတိုက္မွာ ၾသဂုတ္လ ၂၃ ရက္ေန႔က ျပဳလုပ္တဲ့ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးေကာ္မတီရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေကာ္မတီဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက အခုလို ေျပာတာပါ။ ကုလသမဂၢရဲ႕ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ရဲ႕ ထုတ္ျပန္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး အရင္ကလည္း အစိုးရအဖြဲ႕အဘက္က လက္မခံေၾကာင္း ထုတ္ျပန္ခဲ့သလို မေန႔က ထုတ္ျပန္ခ်က္နဲ႔ပတ္သက္လို႔လည္း သက္ဆိုင္ရာ တာဝန္ရွိသူေတြက မီဒီယာေတြမွာ ျပန္လည္ေျဖရွင္းထားတယ္လို႔ ဆိုပါတယ္။ “တပ္မေတာ္သားေတြအေနနဲ႔ အမ်ိဳးသမီးေတြကို မေျပာနဲ႔၊ ကိုယ့္အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားတာေတာင္မွ တိတိက်က် တင္းတင္းက်ပ္က်ပ္ ေဆာင္႐ြက္ေနတာ ျဖစ္တဲ့အတြက္ ဒီလိုမ်ိဳးစြပ္စြဲတာက ေျခေျချမစ္ျမစ္လည္း မရွိ၊ ၿပီးေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသလိုပဲ အေျခအျမစ္ မရွိဘူး။ ဒီအေပၚမွာ ကြၽမ္းက်င္သူမ်ားဆိုတဲ့ ပုဂၢိဳလ္ေတြကို ၾကည့္လိုက္ရင္ ႏိုင္ငံေတာ္အခ်ဳပ္အျခာနဲ႔ ႏိုင္ငံေတာ္ဥပေဒကိုမ်ား မသိၾကဘူးလား၊ မေလးစားၾကဘူးလား။ ဘာျဖစ္လို႔ သူမ်ား ေျပာတာေတြကို ဒီလို လုပ္ေနတာလည္း၊ ေျပာစကားနဲ႔တင္ ဘာလို႔ လုပ္ၾကတာလဲ၊ အခုနက ေျပာတဲ့ ႏိုင္ငံေတာ္အစိုးရနဲ႔ ႏိုင္ငံအခ်ဳပ္အျခာအာဏာနဲ႔ တရားဥပေဒနဲ႔ ရွိေနတဲ့ကိစၥမွာ ဝင္ေရာက္စြက္ဖက္တဲ့ အေျခအေနမ်ိဳးကေတာ့ က်ေနာ္တို႔အေနနဲ႔ လုံးဝလက္ခံစရာ မရွိပါဘူး” လို႔ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။ ျမန္မာတပ္မေတာ္အေနနဲ႔ အမ်ိဳးသားေတြ၊ ေယာက်ာ္းေလးေတြနဲ႔ လိင္ေျပာင္းထားသူေတြ အေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ က်ဴးလြန္ေနတယ္လို႔  ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက ဖြဲ႕စည္းေပးထားတဲ့ စုံစမ္းစစ္ေရးမစ္ရွင္အဖြဲ႕က ဩဂုတ္ ၂၂ ရက္က အစီရင္ခံစာထုတ္ျပန္ စြပ္စြဲထားတာပါ။ တပ္မေတာ္သားေတြဟာ အဓမၼျပဳက်င့္မႈ၊ အုပ္စုလိုက္ မုဒိမ္းက်င့္မႈနဲ႔ တျခား အၾကမ္းဖက္မႈေတြအျပင္ အမ်ိဳးသမီးေတြ၊ အမ်ိဳးသားေတြ၊ မိန္းကေလးငယ္ေတြ၊ ေယာက်္ားေလးေတြနဲ႔ လိင္ေျပာင္းထားသူတဲ့သူကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ စနစ္တက် ပုံမွန္လိုလို က်ဴးလြန္ၿပီး  ႏိုင္ငံတကာ လူ႔အခြင့္အေရးဥပေဒေတြကို ေပၚေပၚတင္တင္ က်ဴးလြန္ခဲ့တယ္လို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားတာပါ။
2 years Ago
Up